Yellow Is The Warmest Colour ⁴

2.1K 230 15
                                    

Unicode
_________











" ငါ​ပြော​နေတာကြားလား ?
Hey ~ ParkChaeyoung ! "



Chaeyoung အ​တွေးလွန်​နေတာ
နာရီဝက်နီးပါး​လောက်ရှိ​နေပြီဖြစ်တယ်

​သူ့ကိုစကား​ပြော​နေရတဲ့
Jennie က အရူးတစ်​ယောက်လိုပဲ

ခုလည်း ​ခေါ်​နေတာ​တော်ရုံနဲ့မကြားဘူး
ပုခုံးကိုကိုင်လှုပ်ပြီး ခပ်ကျယ်ကျယ်​အော်မှ
သူမက သတိဝင်ပြီး လှည့်ကြည့်လာခဲ့တယ်



" ငါ့ကို​ခေါ်​နေတာလား Jennie ? "



" မဟုတ်ဘူး
သရဲမကိုခေါ်​နေတာ "



မျက်​စောင်းထိုးပြီး ပိတ်​ပြောပစ်လိုက်တယ်

Jennieရဲ့​ဘေးမှာ သူတစ်​ယောက်တည်းရှိတာကို
သူ့ကို ​ခေါ်တာမဟုတ်လို့ ဘယ်သူ့ကို ​ခေါ်ရမှာလဲ ~



" သူငယ်ချင်း​လေးကလည်း ~
စိတ်မဆိုးပါနဲ့ ငါ​တောင်းပန်ပါတယ် "



ပုခုံးကို သိုင်းဖက်ပြီး ​ချော့လာတဲ့
Chaeyoung ​ကြောင့် စိတ်​လျော့လိုက်ရသည်

အရင်းနှီးဆုံးသူငယ်ချင်းမို့ ကြာကြာစိတ်မဆိုးနိုင်ပါဘူး



" ​အေးပါ ~ ထားပါ​တော့
ဒါနဲ့အ​​​စောကငါ​ပြောတာ​ဖြေဦး "



" ဘာ​ပြောလိုက်တာလဲ အ​စောက ? "



" Lisa နဲ့ နင် သိ​နေကြတာလားလို့
ဟိုး​တစ်​နေ့ညက တင်းမာ​နေတဲ့နင်တို့ဆက်ဆံ​​ရေးကို
ငါကြည့်ရ​သ​လောက် ရင်းနှီး​နေကြတယ်လို့ထင်တယ် "



Jennie ​မေးလိုက်​တော့
သူမက ခဏတိတ်ဆိတ်သွားတယ်



" သူနဲ့ငါက အ​ဖေတူအ​မေကွဲ ညီအမ​တွေ ! "



ဘားမှပြန်မ​ပြောမိဘူး
အံ့သြမှု​ကြောင့် Jennie ဆွံ့အ​နေခဲ့တယ်

Chaeyoung နဲ့ ဟိုးငယ်ငယ်ကတည်းက
ခင်မင်ရင်းနှီးလာခဲ့တယ်ဆို​ပေမယ့် ဒီကိစ္စကို
Jennie မသိခဲ့သလို သူမကလည်းမ​ပြောပြဖူးပါဘူး



" အရင်က ငါမ​ပြောပြခဲ့ဖူးဘူးမှတ်လား ? "



" သူက နင့်အ​ပေါ်မှာ မ​ကောင်းလို့လား ? "



Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now