Yellow Is The Warmest Colour ⁹+¹⁰

2K 201 19
                                    

Unicode
------------











Mrs . Kim နဲ့ သူ့အမျိုးသားက
မနက်စာစား​နေကြတုန်း ခြံအ​ရှေ့မှာ
သမီးဖြစ်သူပြန်လာ​​တာကိုလှမ်း​​တွေ့လိုက်တယ်

​​နောက်ပြီး​တော့ ကား​ပေါ်ကဆင်းလာတဲ့မိန်းက​လေးတစ်ဦး

Jennieရဲ့နှဖူးကို ခပ်ဖွဖွနမ်းပြီး​ ပြန်သွားတဲ့သူ​ကြောင့်
တစ်​ယောက်နဲ့တစ်​ယောက် အဓိပ္ပါယ်ရှိစွာကြည့်လိုက်ကြသည်



" ပြန်လာပါပြီ ~ မနက်စာစား​နေကြတာလား ? "



Jennie က သူ့အ​မေရဲ့ပါးကို ခပ်ဖွဖွ​လေးနမ်းပြီး
သူမ ထိုင်​နေကျ​နေရာမှာ ဝင်ထိုင်ရင်း​မေးလိုက်တယ်

ဘာစကားမှ ပြန်မ​ပြောလာ​သေးတဲ့ အ​မေကြောင့်
​ဘေးမှာထိုင်​နေတဲ့ ဦး​လေးကိုတစ်ချက်ကြည့်လိုက်​တော့
သူက မသိဘူး​လေ ဆိုတဲ့ပုံစံမျိုး ပုခုံးတွန့်ပြသည်



" အ​စောက အိမ်​ရှေ့မှာမြင်လိုက်ရတဲ့ မိန်းက​​လေးက
ဘယ်သူလဲ ~ Mommy သူ့ကိုတစ်ခါမှမမြင်ဖူးပါဘူး "



Jennie ​ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားတယ်

ထမင်းစားခန်းထဲက​နေ အိမ်အပြင်ဖက်ကိုလှမ်းမြင်နိုင်​​အောင်
မှန်နံရံ​ နဲ့ ​ဆောက်လုပ်ဖို့ စိတ်ကူးရခဲ့တဲ့ အင်ဂျင်နီယာ​တွေကိုသာ
စိတ်ထဲမှာ ရစရာမရှိ​အောင်လို့ အမျိုးမျိုးကျိန်ဆဲ​နေမိသည်

အ​စောက Lisa နမ်းသွားတာကို မြင်သွားပြီ​ပေါ့ ?



" Mommy ​မေးတာ ဒီ​လောက်စဥ်းစားစရာလိုလို့လား ? "



လက်ကိုလာကိုင်ပြီး မျက်​မှောင်ကျုံ့ရင်း​
မေးလာတဲ့ အ​​မေဖြစ်သူကို Jennie ​ခေါင်းခါပြလိုက်တယ်



" Chaeyoung ရဲ့ အမ ပါ
သူက သမီး ကို ညီမ​လေးအရင်းလိုပဲသိပ်ချစ်တာ​လေ
​နောက်ကျ​တော့မှ Mommy တို့နဲ့ မိတ်ဆက်​​ပေးရမယ် "



Jennie ​ပြောလိုက်​တော့ Mommy နဲ့
ဦး​လေးက တစ်​ယောက်မျက်နှာတစ်​ယောက်ကြည့်ပြီး
အချင်းချင်း​ခေါင်းညိမ့်ပြရင်း ပြုံးကြတယ်

သူတို့ဘာလို့ ဒီလိုမျိုးပြုမူ​နေကြသလဲဆိုတာ
လုံးဝနားမလည်တာ​ကြောင့် လိုက်ကြည့်​နေမိသည်



Yellow Is The Warmest Colour💛(Ongoing)Où les histoires vivent. Découvrez maintenant