Yellow Is The Warmest Colour ¹⁶

1.5K 190 65
                                    

Unicode
-------------







" စိတ်ကျ​ရောဂါခံစားနေရတဲ့ ဝေဒနာရှင်
တော်​တော်များများက ညဖက်​တွေမှာ
သာမန်လူ​တွေလိုမျိုး ကောင်း​ကောင်းအိပ်​မပျော်ကြဘူး ။
အိပ်​ပျော်သွားတဲ့အခါမှာ တစ်ချို့​တွေ က​တော့
အတိတ်က နာကျင်စရာအဖြစ်အပျက်တွေကို
စိတ်စွဲပြီး​တော့ အိပ်မက်​ မက် ​လေ့ရှိတယ်

အခုဖြစ်​နေတာကို ကြည့်ရသ​လောက်​ အဲ့အတိုင်းပါပဲ
ပြောချင်တာက စိတ်ထိခိုက်စရာ​ တွေကို သိပ်မ​တွေးပါနဲ့ "


ဆရာဝန်ပြော​နေတဲ့စကား​တွေကို နား​ထောင်​နေတဲ့
သူမက မျက်​တောင်မခတ်ဘဲ မျက်လုံးသေ နဲ့ ကြမ်းပြင်ကို
စိုက်ကြည့်​နေရာက​နေ စကားအဆုံးမှာ ​​ခေါင်းမော့လာခဲ့တယ် ။


" ကျွန်မ အ​ဖေတစ်​ယောက်လုံး ကျွန်မ​ကြောင့် ​
သေသွားခဲ့ရတာ ဘယ်လိုလုပ် မ​တွေးဘဲနေနိုင်မှာလဲ
လွန်ခဲ့တဲ့ ၅ လ​လောက်က လိုမျိုး ပြန်ဖြစ်ချင်မိတယ် "


" ဆေးလာတိုက်တဲ့ ဆရာဝန်မ​လေးကို ခေါင်းရိုက်ခွဲပြီး
ထွက်​ပြေးသွားခဲ့တုန်းက အ​ခြေအ​နေမျိုးကိုလား Lalisa ! "


" ဟုတ်သားပဲ​နော် ... ကျွန်မ အရမ်းဆိုးခဲ့တာပဲ "


" အဲ့တုန်းက သူ့ဆီကိုသွားခဲ့တာမလား? "


ခေါင်းတဆတ်ဆတ်ညိမ့်လိုက်​တယ် ။
ထွက်​​ပေါ်လာတာက မိမိအ​ရှေ့မှာ ထိုင်​နေတဲ့ ဆရာဝန်ရဲ့
သက်ပြင်းချသံ သဲ့သဲ့​လေး ။


" ဘာ​တွေ​ပြောဖြစ်ခဲ့လဲ?
သူက Lisa ကို ဘာ​တွေ​ပြောခဲ့လို့ ဆေးရုံက​နေ
ထွက်​ပြေးသွားခဲ့ပြီးမှ ပြန်​ရောက်လာခဲ့ရတာလဲ? "


ပြန်​တွေးမိတိုင်း နာကျင်ရတဲ့ အတိတ်ဟာ
Lisa ကို မျက်ရည်ကျ​စေဖို့အထိ လုံ​လောက်ပါတယ် ။


" အဲ့​နေ့က သူ လက်ထပ်တဲ့​နေ့ ...
ကျွန်မ သူ့ဆီကိုသွားပြီး ဘာဖြစ်လို့ မချစ်တဲ့သူကို
လက်ထက်ရတာလဲ ဆိုတဲ့ မေးခွန်းတစ်ခုကို မေးခဲ့တယ် "


" သူက ဘာပြန်​ဖြေလဲ? "


မျက်ရည်​တွေကြားထဲက​နေ ခပ်​ရေး​ရေးပြုံး​တော့
ဆရာဝန်က ထူးဆန်းသလိုမျိုး ကြည့်လာခဲ့တယ် ။
Lisa မပြုံးဖြစ်​တော့တာ ဘယ်ကတည်းကများလဲ ။


Yellow Is The Warmest Colour💛(Ongoing)Wo Geschichten leben. Entdecke jetzt