Yellow Is The Warmest Colour ¹⁴

1.2K 175 48
                                    

Unicode
------------










Bar က ၂ ရက်​​လောက် ပိတ်တယ် ။

အ​ကြောင်းအရင်းက​တော့ ပထမ ၁ ရက်ဟာ
Lisa ရဲ့ လက်ထက်ခွင့်​တောင်းမယ့် အစီအစဥ်အတွက်
ပြင်ဆင်​နေရင်း ကုန်ဆုံးခဲ့ရပြီး ​ကျန်တဲ့ ပိတ်ရက်က
ထို လက်ထက်ခွင့်​တောင်းမယ့် ​နေ့​ရက်လေး ... ။

Jennie ဆီက​နေ အဆက်အသွယ်မရလို့
စိတ်ပူ​နေတဲ့ Lisa က မနက်ဖြန်အတွက် ပြင်ဆင်ရင်း
အာရုံစိုက်မိ​နေတာ​ကြောင့် ​တော်​သေးတယ်​​ပြောရမယ် ။

​မ​နေ့ကအထိ တမှိုင်မှိုင်တ​ထွေ​ထွေ ဖြစ်​နေတဲ့ Lisa ကို
Jisoo တို့​တွေလည်း ​ပြောလို့မရ Chaeyoung လည်း
ဘားမှ မလုပ်​ပေးနိုင်ခဲ့ဘူး ။

ဖုန်းသုံး​နေတုန်း ပုံ​ဖော်ထားတဲ့ စိန် လက်စွပ်တစ်ကွင်းကို
IG မှာ Post တင်လိုက်တဲ့ Lisa ​ကြောင့် noti တက်လာတယ် ။
ထိုပုံကို ကြည့်ပြီး Jisoo ပြုံးမိသည် ။




" ဘားမှ စိတ်မပူပါနဲ့ သူ အမှီ ပြန်လာမှာပါ
ညဥ့်နက်​နေပြီ အိပ်လိုက်ပါ​တော့လား Lisa
Ten တို့​တွေလည်း အားလုံး ပြင်ဆင်ပြီး​​နေပါပြီ "




Lisa ပြုံးပြပြီး ​ခေါင်းညိမ့်လိုက်တယ် ။

တကယ့် အာရုံက​တော့ လွန်ခဲ့တဲ့ ၅ ​ရက်​​ ကတည်းက
စာလည်းမဖတ် ပြန်စာလည်းမပို့​တော့တဲ့ Jennie ဆီကို
ဒီမနက်ကအထိ မိမိ နောက်ဆုံးပို့ခဲ့သည့် " ဖုန်း​ခေါ်​ပေးပါ​နော် "
ဆိုတဲ့ စာတန်း​လေးဆီမှာသာ ။

သူမ ဘာ​တွေများဖြစ်​နေလို့ မဆက်သွယ်ရတာလဲ ။
Lisa ဘားမှ သိပ်မဖြစ်သလိုမျိုး​ နေ ​နေ​​ပေမယ့်
တကယ်တမ်း စိတ်ထဲမှာ ​လေးပြီး​တော့
ဒီရက်ပိုင်း ​ကောင်း​ကောင်းအိပ်မ​ပျော်ဘူး ။

ကိုယ် မင်းကို လွမ်းလိုက်တာ Jennie ရယ် ။




" ဒီမှာ ကြည့်စမ်းပါဦး Lisa
Jennie Kim တင်ထားတဲ့ ပုံကို "




လိုအပ်တဲ့ ပစ္စည်း​တွေ သွားမှာပြီး ပြန်လာတဲ့
Chaeyoung က Bar ထဲ အ​လောတကြီး ​
​ပြေးဝင်လာတာမို့ နည်းနည်း​တော့ စိတ်ပူသွားမိတယ် ။

အ​ကြောင်းအရာကို မသိဘဲ ညီမဖြစ်သူ
တစ်စုံတစ်ခုများ ဖြစ်လာခဲ့လို့လား ဆိုတဲ့ အ​တွေးနဲ့ ။
​နောက်ပြီး​တော့ ညဥ်ွနက်သန်း​ခေါင် ဖြစ်​နေပြီ​လေ ။




Yellow Is The Warmest Colour💛(Ongoing)Wo Geschichten leben. Entdecke jetzt