Yellow Is The Warmest Colour ⁵

2K 220 20
                                    

Unicode
_________











SMC ​ဆေးရုံ / အခန်း No.0027 ...





လူနာကုတင်​ပေါ်မှာ ​ဆေးသွင်းပိုက်တန်းလန်းနဲ့
အိပ်​​မောကျနေတဲ့ Jisoo ​ကို ​Chaeyoung က ​
ကုတင်​ဘေးမှာထိုင်ရင်း ​ငေးကြည့်​နေမိတယ်

သူမရဲ့မျက်နှာ​ပေါ်က အလှ​တွေကို
တစ်ချို့တစ်​နေရာကွယ်ဝှက်​နေတဲ့ ဆံပင်တစ်ချို့​ကြောင့်
Chaeyoung လက်နဲ့ အသာ​လေးဖယ်​​ပေး​နေတုန်း





" တို့ကိုမထားခဲ့ပါနဲ့ Lili ! "





Jisoo ရဲ့ပါးစပ်က ​ယောင်ပြီးညည်းတဲ့အသံကို
ကြားလိုက်တာ​ကြောင့် Chaeyoung မျက်နှာပျက်သွားခဲ့တယ်

သိပ်မကြာပါဘူး
သူမသတိရလာတာမို့ အတတ်နိုင်ဆုံးပြုံးပြရင်း





" သတိရလာပြီလား Chu ! "





" Chae ဘယ်တုန်းက ~
ဒါနဲ့ အခု ဘယ်ကို​ရောက်​နေတာလဲ ? "





​ဘေးပတ်လည်ကိုကြည့်ပြီး
အလန့်တကြား​​မေးလာတဲ့ Jisoo ကို ကြည့်ရင်း





" ​ဆေးရုံ​ရောက်​နေတာ​လေ Chu !
အိမ်အကူအ​ဒေါ်ကြီး ph လှမ်းဆက်လို့ ~
ဒါနဲ့ စကားများပြီးရန်ဖြစ်ကြ​သေးတယ်ဆို ? "





Jisoo က သိသိသာသာ ငိုင်ကျသွားတယ်

အမြဲတမ်းလိုလို အရိပ်တကြည့်ကြည့်​နေလာခဲ့တာမို့
သူမကိုကြည့်လိုက်တာနဲ့ အခုဝမ်းနည်း​​နေမှန်း အလိုလိုသိသည်





" ငိုချင်ရင် Chae ​ရှေ့မှာလည်း ငိုလို့ရပါတယ်
အနားမှာ တစ်​စုံတစ်​​ယောက်ရှိ​နေ​တော့ စိတ်သက်သာ ...





" unnie ကို သူမချစ်ဘူး Chae !
ချစ်လာမယ်လို့ထင်ခဲ့​ပေမယ့် ခုထိ သူမချစ်​သေးဘူး "





မျက်ရည်​တွေနဲ့​ပြောလာတဲ့သူမက
Chae ကိုပါ နာကျင်​​စေတာ​တော့ မသိနိုင်​လောက်ဘူး

တရှုံ့ရှုံ့နဲ့ငို​​နေတဲ့သူမကို ရင်ခွင်ထဲထည့်ပြီး
ဖက်ထား​ပေးရင်း ​ကျောကိုပုတ်​ပေး​နေမိသည်





" သူ့ကိုလက်လွှတ်ပေးလိုက်ရ​တော့မလား ?
အမှန်တိုင်း​ပြောရရင် unnie ရဲ့ အချစ်က သူ့ကို
အရမ်းပူ​လောင်​​စေပြီး နာကျင်​စေတယ်လို့ ထင်မိတယ် "





Yellow Is The Warmest Colour💛(Ongoing)Where stories live. Discover now