အခုလဲ သူ့ပါသာပြောပြီး သူ့ပါသာ ပြန်ရှက်နေတာ နားရွက်ဖျားတွေက နီရဲလို့။

"ဖေ ဒယ်ဒီက ဘာချားတာလဲယို့"

"ဘာစားရမှာလဲ ထမင်းစားရမှာပေါ့ သွား သွား ညစ်ပတ်အိုးတွေ ဒယ်ဒီ့ကိုရေသွားချိုးခိုင်း"

"ဟုတ် ဖေ"

"ကိုကို ဖေပြောတဲ့ချားတယ်ဆိုတာ ဘာပြောတာယဲဟင်"

"ကိုကိုလဲသိဝူး ဖေပြောတာတော့ ထမင်းတဲ့"

"ဟိုနှစ်ကောင်"

"ဂျာ ....ချင်"

"ရေသွားချိုးလို့ပြောနေတယ်လေ"

"ဟုတ် ဖေ" ²

အခုချိန်ထိရယ်နေသေးတဲ့ မောင့်ကို မျက်စောင်းထိုးပစ်ပြီး ထွက်လာခဲ့လိုက်သည်။

ရှက်ရမ်းရမ်းသွားတဲ့အဖေပေါက်စလေးကြောင့် သူ့မှာအူတက်နေရတယ်။ တကယ်ကိုမလွယ်ကြောလေးပင်။

"ခိခိ မီးကိုဒယ်ဒီမလုပ်နဲ့ယို့ ကိုကို့တိုရုတ်"

သားနဲ့မျက်လုံးချင်းစုံပြီး သမီးဖြစ်သူကို ဝိုင်းကလိထိုးကြသည်။

"အားး ဖေရေ မီးကိုကယ်ပါဦး ခိခိ မလုပ်နဲ့ ယားဒယ်"

ရေချိုးခန်းထဲက အသံတွေကြောင့် ခေါင်းရမ်းလိုက်သည်။ မနိုင်ဘူး တကယ်မနိုင်ဘူး။ အဖေဖြစ်သူကလဲ ဆုံးမမယ်မကြံဘူး အလိုလိုက်လိုက်တာ လွန်ပါလေရော။ သူကတော့ ကြားထဲက ယောင်္ကျားကြမ်းကြီးဖြစ်လို့ ။

"ဖေ့ ဗိုက်ချာတယ်"

"မကျွေးပါဘူး သွား"

"ဟင့် ဖေကလဲ"

ရှင်ငေးသွင် တစ်ယောက် ဂါ၀န်ပန်းရောင်နဲ့ကြက်တောင်စည်းစောင်းစောင်းရယ် သူ့ဒယ်ဒီလိမ်းပေးထားတဲ့ ဝလုံးပုံ သနပ်ခါးရယ်နဲ့ အရမ်းလှနေပါသည်။

"ဖေ့ ဗိုက်ချာတယ်ယို့"

"မကျွေးပါဘူးဆို"

"ဖေက မီးကိုမချစ်ဝော့ာဝူးပေါ့"

သူ့ဘောင်းဘီစကို လက်သေးသေးဖောင်းဖောင်းလေးနဲ့ ဆွဲထားကာ မျက်ရည်လေးဝဲလျှက်မေးသည်။ သနားစိတ်လေး‌၀င်လာတာကြောင့် ဆက်မစတော့ပဲ မြန်မြန်ပြန်ချော့လိုက်ရသည်။

𝐌𝐠'𝐬 𝐍𝐚𝐲𝐲𝐚𝐫 (𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝)Where stories live. Discover now