"ကိုယ်တကယ် အဆင်ပြေပါတယ် ခုနက နည်းနည်းဖိမိသလိုလေးပဲ ဖြစ်သွားတာပါ အခုအဆင်ပြေပါပြီ ပြီးတော့ ကလေးအိပ်နေတုန်းက ကိုယ့်ကို ဆရာဝန် လာစစ်ဆေးသွားပြီးပြီ အားလုံး အဆင်ပြေတယ်တဲ့ သဘက်ခါလောက်ဆို ဆေးရုံက ဆင်းလို့တောင် ရပြီ....."
"ဟုတ် ကိုကို ဒါနဲ့ ကိုကို ဘာမှ မစားရသေးဘူးမလား ကျွန်တော် သွားဝယ်ပေးမယ်လေ ကိုကို ဘာစားချင်လဲ..."
"ကိုယ်တို့အတူတူ ဆေးရုံ ကန်တင်း သွားစားကြမယ်လေ ကိုယ် လမ်းလျှောက်နိုင်ပါတယ်..."
" မရပါဘူး ကိုကို လိုက်မယ်ဆိုလည်း wheelchairနဲ့ပဲ လိုက်ရမယ် လမ်းအရမ်းလျှောက်ရင် ဒဏ်ရာ ပွင့်သွားမှာစိုးရတယ်
ကဲပါ တက် ကျွန်တော် နောက်က တွန်းပေးမယ်..."
"ဟုတ်ပါပြီကွာ...."
........
ဒီနေ့ က Taehyungဆေးရုံဆင်းပြီး တစ်ပတ်အကြာတွင် ဖြစ်သည်။
အခုရက်တွေအတွင်း ကွုံတှေ့ခဲ့ရတဲ့ ပြသာနာများကြောင့် စိတ်တွေပြန်ကြည်လင်လာစေဖို့ ဒီနေ့တွင်တော့ Taehyungနဲ့ ကလေးငယ်တို့ ဘူဆန်ရဲ့မြို့စွန်မကျတကျတွင်ရှိသည့် မိဘမဲ့ဂေဟာမှာ အလှူလေးသွားလုပ်ဖို့ စီစဉ်ထားကြသည်။
Jungkookတို့ ဂေဟာရောက်တော့ နေလည် ၁၂နာရီနား ကပ်နေလေပြီ၊ ထို့ကြောင့် ကလေးတွေကို နေ့လည်စာအတွက် ကြိုတင်မှာယူလာတဲ့ အစားအစာများကို တစ်ခါတည်း ကျွေးမွေးလိုက်သည်။ ထို့နောက်တွင်တော့ ကိုကိုက ကလေးတွေကို ကျောင်းနဲ့သက်ဆိုင်တဲ့ စာရေးကိရိယာလေးတွေ ဝေပေးဖို့ ကားဆီသို့ တစ်ခေါက် သွားပြန်ယူနေတာကြောင့် Jungkookလည်း ကလေးတစ်ချို့နဲ့ ဆော့ပေးရင်း စောင့်နေလိုက်သည်။
"ကိုကိုကု ကိုကိုယောင်းက ပစ်စည်းတွေ မနိုင်လို့ ခဏလောက် လာခဲ့ပေးပါအုံးတဲ့..."
"ဟုတ်ပြီ ကလေး ကိုကိုကု ခုသွားလိုက်မယ်နော် "
Jungkook ကိုကို့ဆီ ရောက်တော့ အပေါ်မှာ ဖဲပွင့်ကြိုး ချည်ထားတဲ့ လက်ဆောင်ပုံး အကြီးကြီး ကိုတွေ့လိုက်ရပြီး ထိုပုံးကြီးဘေးနားတှငျတော့ ကိုကိုက ပြုံးရယ်ကာ မတ်တပ်ရပ်လျက် ရှိသည်။
ČTEŠ
Only Then 💔(Edited Version)
Fanfikceအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
Final (Part-2)
Začít od začátku
