#Unicode
Chanhwa သေနတ်ချိန်လိုက်တာကို မြင်လိုက်သည်နဲ့ Jungkook သူရှေ့မှာ ရပ်နေတဲ့ ကိုကို့ကို ကာကွယ်ပေးဖို့ရာ ဆွဲလှည့်လိုက်သော်ငြား ....ကိုကိုက သိနေသည်အလား တစ်ဖန်ပြန်ဆွဲလှည့်လိုက်ကာ သူ့ကိုယ်လုံးငယ်လေးကို အုပ်မိုးလိုက်ချိန်တွင်....
ဒိုင်း!
အ့!
ကိုကို!!
ထို့အတူ ရဲတွေ တားနေသည့်ကြားမှ လှမ်းပစ်လိုက်သည့် Chanhwa ဆီသို့ စုပြုံဝင်လာသည့် ကျည်ဆံများ
ဒိုင်း! ဒိုင်း!
ဒိုင်း!
မျက်လုံး ပွင့်လျက်နဲ့ သေဆုံးသွားပြီဖြစ်သော် Chanhwaဆီသို့ Jungkook အာရုံမစိုက်နိုင်ပါ
မျက်နှာလေး ဖြူဖျော့လာကာ နောက်ကျောဘက်မှ သွေးတွေ အိုင်ထွန်းလာသော ကိုကို့ကြောင့်....
"ကိုကို ကိုကို သတိထားပါအုံး..."
"ကိုကို အာ့ ဘာမှ မဖြစ်ပါဘူး က ...ကလေးလေး စိတ်မပူနဲ့နော်..."
"အင့် ဟင့် ဘာကို ဘာမှ မဖြစ်တာလဲ ကိုကို့ နောက်ကျောမှာ သွေးတွေ အများကြီးပဲ ဟင့်..."
"အာ့..... အ အဆင်ပြေသွားမှာပါ ကလေးရယ်...."
"ဟင့် ကိုကိုသာ တစ်ခုခုဖြစ်ရင် ကျွန်တော် သေမှာ သိရဲ့လား...."
"အွန်း ကိုကိုက အာ့ ဒီချစ်စရာကလေးလေးကို ခွဲမသွားနိုင်ပါဘူး...
အခုတော့ ကိုကို ခဏ အိပ်လိုက်အုံးမယ်နော်.."
"ဟင့်....ဟင့်အင်း မအိပ်ရဘူး!
Kim Taehyung မျက်လုံးဖွင့်! မျက်လုံးဖွင့်လို့ အီးဟီး ကျွန်တော် ပြောနေတယ်လေ ခင်ဗျား မကြားဘူးလား....
ခဏနေ လူနာတင်ကား လာတော့မှာမို့ တောင့်ခံပေးပါအုံး ခင်ဗျားရယ်......"
သို့ပေမဲ့ မေ့မြောသွားသောသူသည် အမှောင်ကမ်ဘာထဲသို့ ဆုံးဆုံး ဝင်ရောက်သွားပြီ ဖြစ်သလို ဘယ်အချိန်မှ ပြန်နှိုးထ လာနိုင်မှန်းလည်း ဘယ်သူမှ မသိနိုင်တော့ပါပေ ....
ဒါမှမဟုတ် ထာဝရ ပြန်နိုးထမလာနိုင်တော့တာများ ဖြစ်သွားမလား........
.
.
.
.
.
.
ခွဲစိတ်ခန်းအရှေ့မှ အသိစိတ်မကပ်သေးဘဲ ရပ်စောင့်နေသော်သူအား KimSeokJin ကူစောင့်ပေးရင်း....
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
