Final (Part-2)

3K 134 8
                                        

#Unicode

Taehyung သတိရလာလာချင်း လက်တစ်ဖက်မှ အနည်းငယ် မူမမှန်သလိုခံစားလာရတာ‌ေြကာင့် သူ ကြည့်လိုက်တော့ သူ့လက်အား ဆုတ်ကိုင်ထားကာ ကုတင်ပေါ် ခေါင်းတင်လျက် အိပ်ပျော်နေတဲ့ ကောင်ငယ်လေး
Taehyung ပြုံးလိုက်ပြီး ဒဏ်ရာနေရာကို ဂရုတစိုက်ထားကာ ကလေးကို ပွေ့မ ပြီး ကုတင်ပေါ် တင်ပေးလိုက်သည်။
'ပင်ပန်းသွားလှပြီပေါ့ ကိုယ့်ကလေးလေး'

သက်တောင့်သက်သာ ရှိလှတဲ့ ခံစားချက်နဲ့အတူ Jungkookနှိုးလာတော့ အဖြူရောင် မျက်နှာကြပ်ကို မြင်လိုက်ရသည်။

"ကလေး နှိုးလာပြီလား အိပ်ရေးရော ဝ ရဲ့လား...မဝသေးရင် ကလေး ဆက်အိပ် အင့်...."

Taehyungစကားမဆုံးခင် ကုတင်ပေါ်ကနေတဆင့် ဘေးခုံမှာထိုင်‌ေနတဲ့ Taehyungကို ပွေ့ဖက်လိုက်တဲ့ ကလေးငယ်ကြောင့် သူ စကားစတို့ ပြတ်တောက်သွားသည်။

"အီး ဟီး ကိုကို တော်သေးတာပေါ့ တကယ် တော်သေးတာပေါ့ ကိုကိုသာ တစ်ခုခုဖြစ်ရင် ကျွန်တော် ဘယ်လိုလုပ်ရတော့မလဲ...."

"အ့...ကလေး ကိုယ့် ...."

"ဟင် ဒဏ်ရာထိမိသွားတာလား ကိုကို နာသွားလားဟင် ကျွန်တော် ဆရာဝန် သွားခေါ်..."

Taehyung ကုတင်ပေါ်ကနေ ပြေးဆင်းတော့မယ့် ကောင်လေးကို လက်လေး အသာထိန်းကိုင်လိုက်ရင်း.....

"ကိုယ်တကယ် အဆင်ပြေပါတယ် ခုနက နည်းနည်းဖိမိသလိူလေးပဲ ဖြစ်သွားတာပါ အခုအဆင်ပြေပါပြီ ပြီးတော့ ကလေးအိပ်နေတုန်းက ကိုယ့်ကို ဆရာဝန် လာစစ်ဆေးသွားပြီးပြီ အားလုံး အဆင်ပြေတယ်တဲ့ သဘက်ခါလောက်ဆို ဆေးရုံက ဆင်းလို့တောင် ရပြီ....."

"ဟုတ် ကိုကို ဒါနဲ့ ကိုကို ဘာမှ မစားရသေးဘူးမလား ကျွန်တော် သွားဝယ်ပေးမယ်လေ ကိုကို ဘာစားချင်လဲ..."

"ကိုယ်တို့အတူတူ ဆေးရုံ ကန်တင်း သွားစားကြမယ်လေ ကိုယ် လမ်းလျှောက်နိုင်ပါတယ်..."

" မရပါဘူး ကိုကို လိုက်မယ်ဆိူလည်း wheelchairနဲ့ပဲ လိုက်ရမယ် လမ်းအရမ်းလျှောက်ရင် ဒဏ်ရာ ပွင့်သွားမှာစိုးရတယ်
ကဲပါ တက် ကျွန်တော် နောက်က တွန်းပေးမယ်..."

Only Then 💔(Edited Version)Où les histoires vivent. Découvrez maintenant