OT (20)

1.8K 118 12
                                        

#Unicode

အနမ်းပင်လယ်ထဲ စီးမြောနေခိုက် ဝင်လာတဲ့ ဖုန်းသံကြောင့် Taehyung ကျစ် တစ်ချက် သပ်လိုက်သည်....
ကလေးကတော့ သူ့ကို အသာ တွန်းဖယ်ကာ ဖုန်းကို ကိုင်လိုက်တာမို့ Taehyung ဖုန်းထဲက လူကို ဆွဲထိုးချင်လာပြီ ဖြစ်တာကြောင့် ကလေး လက်ထဲက ဖုန်းကို ဘယ်သူဘယ်ဝါ မပြောခင် အမြန် ဆွဲယူလိုက်သည်။....

Jungkook ဘာစကားမှ ပင် စမပြောရသေး ဖုန်းလက်ခံရုံ ရှိသေး ဖုန်းကို လက်ထဲက လုလိုက်တဲ့ ကိုကို့ကြောင့် မျက်မှောင်ကျုံကာ ကြည့်နေလိုက်တော့သည်။

"Hello ..."

"ဘယ်သူလဲ..."

"မင်းကရော ဘယ်သူလဲ ဒါ ယုန်ပေါက် အသံမဟုတ်ဘူး...."

Speaker မဖွင့်ထားသော်လည်း အရမ်းနီးကပ်နေတဲ့ အခြေအနေကြောင့် Jungkook ဖုန်းထဲက ဘယ်သူလဲ ဆိုတာ သိလိုက်ရသည်... ကိုကိုက ပြန်ရောက်ကတည်းက သူ့ဖုန်းကို ယူပြီး Yoongi နဲ့အတူ ရိုက်ထားတဲ့ဓာတ်ပုံတွေနဲ့အတူ ရှိသမှြ ဒေတာတွေ အကုန်ဖျက်ထားသည်မို့ Yoongiကို သူတစ်ခါလေးမှ မဆက်သွယ်မိခြင်းပင်...

Taehyungကို ဖုန်းပြန်ပေးဖို့ ပြောလာတော့ Taehyungက သိပ်စိတ်ကမပါချင်တဲ့ ပုံစံပေမဲ့ သူ့ တောင်းဆိုချက် ြဖည့်ဆည်းပေးသည်...

"Hello Yoongi ကျွန်တော်ပါ ဘာပြောစရာရှိလို့လဲဟင်...."

အရမ်းလွမ်းနေခဲ့ရသော အသံလေးကို ကြားလိုက်ရတာကြောင့် Yoongi ပြုံးလိုက်သည် ...

"နေကောင်းရဲ့လား ယုန်ပေါက်လေး..နည်းနည်းလေးတောင် မဆက်သွယ်လာဘူးကွာ..."

"တောင်းပန်ပါတယ် ...အခြေအနေလေးတစ်ချို့ကြောင့် မဆက်သွယ်မိလိုက်တာပါ..."

အင်းလေ ကိုယ်က ယုန်ပေါက်လေးအတွက် အရေးမှ မပါဘဲ ဒါပေမဲ့ ကိုယ်ကတော့ မင်းကို မပိုင်ဆိုင်ရပေမဲ့ ညီလေးလိုရော အချစ်ဦးလိုပါ အဖြူရောင်အချစ်တွေနဲ့ ဆက်ချစ်နေမယျ့သူပါ ....

"ကျန်းမာရေးလဲ ဂရုစိုက်ကြားလား ကိုယ်အဆင်ပြေလား သိချင်လို့ ဖုန်းခေါ်လိုက်တာ..."

" ပြေပါတယ် yoongiရော ရန်တွေ မဖြစ်ဘဲ လိမ်လိမ်မာမာနေနော်..."

"ဟုတ်ပါပြီ စကားနားထောင်ပါ့မယ် ကဲ ဒါဆို ကိုယ် ဖုန်းချ လိုက်တော့မယ် နောက်လဲ အဆက်အသွယ် မဖြတ်နဲ့နော်...လွမ်းနေတာ ယုန်ပေါက်"

Only Then 💔(Edited Version)Where stories live. Discover now