#Unicode
Jungkook လည်း Chanhwaနဲ့အတူ Shopping Centerတစ်လျှောက် အဆင်ပြေမည့်လက်ဆောင်ကို တစ်ဆိုင်ဝင် တစ်ဆိုင်ထွက် လိုက်ရွေးပေးနေရင်း ဆိုင်တစ်ဆိုင်ရှေ့အရောက်တွင်တော့...
သူ့အာရုံကို ဖမ်းစားသွားတဲ့ တစ်ခုတည်းသော အရာလေး....
'အာ လှလိုက်တာ ကိုကိုနဲ့ဆို လိုက်မှာပဲ...'
မျက်လုံးထဲ ပြေးမြင်ကြည့်တော့ ထိုဟန်းချိန်းလေးဟာ ကိုကိုတစ်ယောက်တည်း အတွက်ပင် သီးသန့်ထုတ်ထားသယောင် ပနံ့သင့်လှသည်
အရမ်း အဖိုးမတန်တဲ့ ရွှေ ဖြူလေးနဲ့ ဖန်စီေကျာက်လေးေတွ ရောထားတယ်ဆိုပေမဲ့ သူပေးရင် ကိုကို ကြိုက်လောက်မှာပါဆိုတဲ့ အတွေးလေးနဲ့ ထို ငွေရောင်ဟန်းချိန်းလေးကို Jungkookဝယ်လိုက်တော့သည်....
လက်ဆောင်တွေ ဝယ်ပြီးချိန်မှာတော့ ကားနားဆီ တစ်ခေါက်ပြန်လျှောက်လာရင်း လက်ထဲက ဟန်းချိန်းဗူးလေးကို ကိုင်ကာ သူရင်ခုန်နေမိသည်....
ပတ်ဝန်းကျင်ကို ဂရုမစိုက်မိလိုက်တဲ့ Jungkookဟာ ဆယ်ယောက်မျှသော လူအင်အားတစ်စု သူတို့ရှေ့ လာရပ်မှသာလျှင် သတိဝင်လာခဲ့သည်....
"မင်းကKim Taehyungရဲ့ ယောကျၤား Jeon Jungkookဆိုတာလား...."
"ဟုတ်ပါတယ် ဒါနဲ့ ဘာလို့လဲ~ "
"ဟေ့ကောင်တွေ သူ့ကို ဆွဲခေါ်ခဲ့..."
ရုတ်တရက်ကြီး ဖြစ်ပျက်သွားတဲ့ အဖြစ်အပျက်ကြား သူရော Chanhwaရော တွန်းလှန်ရုန်းကန်ကြခဲ့ပေမဲ့ အင်အားမမျှလှတဲ့ လူတစ်စုကြောင့် ခေါင်းကို တုတ်နဲ့ အရိုက်ခံရပြီးနောက်တွင်တော့ Jungkookဘာမှမသိလိုက်တော့....
မေ့မျောသွားပြီ ဖြစ်တဲ့ Jungkookကို Chanhwa ပြုံးကြည့်လိုက်ပြီး....
"သပ်သပ်အချိန်ဖြုန်းတဲ့ကောင်!! ကျစ် ဟန်ဆောင် ထိုးပြရတာ လက်တောင် နာသွားတယ် ..."
Chanhwa ညည်းညူလိုက်ပြီး သူ့လူတွေဘက် ပြန်ကြည့်ကာ....
"ငါခိုင်းတယ်ဆိုတာ မသိစေနဲ့ မတော်လို့ လွတ်သွားရင် ငါပြသာနာ တက်မှာ ၊ ဒါပေမဲ့ အဟက်' လွတ်စရာတော့ မရှိပါဘူး အဲ့ဒီကောင် သွားရမဲ့ တစ်ခုလမ်းက သေလမ်းပဲလေ ဟားဟားဟား.. ဘာတွေပဲ ဖြစ်လာဖြစ်လာ သူ့ကို ရအောင် သတ်ရမယ် အဲ့ဒါ မင်းတို့ရဲ့ အဓိက တာဝန်ပဲ....."
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
