#Unicode
ကိုကို ဒီတစ်ခါ ဆေးရုံပြန်ရောက်လာချိန်မှာတော့ Chanhwaပါ အတူတူ ပါလာသည်....
" ကိုယ် ဒီနေ့ companyမသွားဘူး...ဆေးရုံမှာပဲ နေမယ်...အော် ပြီးတော့ Chanhwaက မင်းကို စိတ်ပူနေတာနဲ့ သူ့ပါ ခေါ်လာလိုက်တာ..."
"........"
"အဆင်ပြေလား Jungkook...."
Chanhwaက လှမ်းမေးလိုက်သည်...
"ပြေပါတယ် ကျွန်တော့်ကို စိတ်ပူမနေပဲ companyသာ သွားကြပါ..."
"မပူလို့ ရမလား ခဏလေး လွှတ်ထားလိုက်ရင် ဖြစ်တော့တာပဲ..."
"တောင်းပန်ပါတယ် အလုပ်ရှုပ်စေမိတဲ့အတွက်...."
'မဟုတ်တာ အလုပ်မရှုပ်လို့ ပြောနေတာ မဟုတ်ဘူးလေကွာ မင်းလေး ဘာမှ မဖြစ်ဖို့ကသာ ပိုအရေးကြီးတာပါ....'
Taehyungရဲ့စိတ်ထဲမှာတော့ ရင်ထဲကအတိုင်း ပြောနေမိပေမဲ့ ....
အပြင်မှာ မာနက တင်းခံနေပြန်တော့....
"နောက်ဆို ဆင်ခြင်လေ အဲ့ဒါဆိုလည်း.."
"သိပါပြီ..."
ပါးစပ်ကသာ သိပါပြီ ပြောတာ လက်တွေ့ကတော့ ရွဲ့ချင်တာလား ဘာလားမသိ Taehyတို့ဖက်ကို ကျောပေးကာ ကုတင်တစ်ဖက်ကို လှည့်သွားသည်...ဘယ်လောက်ပဲ သူ့စကား နာခံတတ်သော်လည်း မူရင်းဓာတ်ခံလေးက အရွဲ့တိုက်လေးမို့ ဆန္ဒက ပြတတ်သေးသည်.....
အတန်ကြာ jungkook အိပ်ေပျာ်သွားတော့...
"Chanhwa ၊ ကိုယ့်အစား ရုံးသွားပေးပါ့လား ဒီနေ့ ရှယ်ယာရှင် အစည်းအဝေးရှိနေတော့ ပျက်လို့က မရလို့လေ..."
"Jungkookလဲ သက်သာနေပြီပဲ Hyungရယ်
Companyပဲ သွားကြရအောင်လေ Hyungပါတော့ ပိုအဆင်ပြေတာပေါ့..."
"Chanhwa မသွားချင်ရင် ပြောပါ
ကိုယ် အစည်းအဝေးဖျက်လိုက်မယ်..
Jungkookကို တစ်ယောက်တည်း စိတ်မချဘူး..."
'အာ့လောက်တောင်ပဲလား Hyung...
ဒါဆို ကျွန်တော်ကရော ဘာလဲ အဖြည့်ခံသက်သက်လား ကျွန်တော်ကသာ Hyungကို အရင်တွေ့ခဲ့ပြီး အရင်ချစ်ခဲ့ရသူပါ'
Chanhwaစိတ်ထဲမှာ နာကျင်နေလဲ အပြင်မှာတော့
"အင်းပါ ဖျက်တော့ မဖျက်ပါနဲ့ Hyungအစား ကျွန်တော် သွားလိုက်ပါ့မယ် ..."
"ကျေးဇူးပါ Chanhwa..."
"မဟုတ်တာ...ဒါဆို ကျွန်တော် သွားတော့မယ်နော်...."
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
