#Unicode
Taehyung အိမ်ခဏ ပြန်လိုက်ပြီး ဆေးရုံကို ပြန်ရောက်လာတော့ သည်းငယ်ရဲ့ အခန်းထဲ တန်းဝင်လိုက်သည်
"ဟင်! !...."
အခန်းထဲမှာ ကုတင်တစ်လုံးကလွဲပြီး ဘာမှ ရှိမနေခဲ့...ဒါဆို သည်းငယ် ဘာရောက်သွားတာလဲ?
သူ များ အခန်းမှားဝင်လာမိလားဆိုပြီး အခန်းနံပါတ်ကို တစ်ချက် ပြန်ကြည့်လိုက်သည် အခန်းနံပါတ်လဲ မှားမနေပါ....
သန့်စင်ခန်းကအစ ဝင်ရှာတော့လဲ မတွေ့.... Taehyung စိတ်ပူစ ပြုလာလေပြီ သည်းငယ်က သတိတောင် ရသေးတာ မဟုတ်ဘူးလေ ရုတ်တရက် ဘယ်ကို ပျောက်သွားရတာလဲကွာ....
Taehyung ဆေးရုံလမ်းတစ်လျှောက် အပြေးအလွှားလိုက်ရှာရင်း ခုနက ခွဲစိတ်ခန်းရှေ့မှာ တွေ့ခဲ့တဲ့ Doctor ကို တွေ့လိုက်ရတာကြောင့် အမြန်ပြေးသွားလိုက်သည်...
"ဒေါက်တာ ၊ အခန်း No.566က လူနာရော ဘယ်ရောက်သွားတာလဲ... "
"အော် Jiminဆိုတဲ့နာမည်နဲ့ လူနာလား "
"ဟုတ်ပါတယ် "
"သူနဲ့ အတူ ပါလာတဲ့ ကောင်လေး လေအသည်းအသန်ဖြစ်နေတယ်... ဒီမှာလဲ ကုသရင် မအောင်မြင်နိုင်တာနဲ့ Europe က ဆေးရုံတစ်ခုကို ချက်ခြင်း flightနဲ့ သယ်သွားတာ ပြီးတော့ သူ့မိဘတွေက သူ့သား အကြီးပါ စိတ်မချလို့ဆိုပြီး တစ်ခါတည်း သယ် ခေါ် သွားတာပဲ...."
"ဗျာ...."
ကံကြမ္မာက ဒီတစ်ခေါက် မှာလဲ သူ့ကို မျက်နှာသာ မပေးခဲ့ပေ.... ဝေးနေရတဲ့ ချစ်ရသူ ကို ယခု ပြန်တွေ့ချိန်မှာလဲ စောင့်ရှောက်ခွင့်လေးတောင် မရခဲ့ ....ခွဲခွာခြင်းက စိုက်ရောက်လာပြန်ပြီ .....သူ့လိုလူက ဘာအသုံးကျအုံးမှာလဲ...ဒဏ်ရာတွေ မြန်မြန် ပျောက်ပြီး ကိုယ့်ဆီ မြန်မြန် ပြန်လာခဲ့ပါ သည်းငယ်ရာ...
-----------------------------------------------------
1ပတ်ခန့်ကြာသော်
Taehyung ကြားလိုက်ရတဲ့ တစ်ဖက်က ဖုန်းသံကြောင့် သူ့နားကို သူတောင် မယုံနိုင်..
အတူလိုက်သွားတဲ့ မိဘဖြစ်သူတွေက ပြောတယ်...
'သည်းငယ် ဆုံးပြီ'တဲ့ မဖြစ်နိုင်တာတွေ သည်းငယ်က အကောင်းကြီးပါ.....ဆရာဝန်တွေ ကိုယ်တိုင်ကလည်း ပြောတယ် စိုးရိမ်စရာ မရှိတော့ဘူးတဲ့..ဘာလို့ ဆုံးရမှာလဲ မယုံဘူး.... ငါမယုံဘူး သည်းငယ် ငိုယ်မယုံဘူးကွာ .....ဒီနေ့ပဲ Europe ကို လိုက်သွားမယ် သည်းငယ် ကိုယ့်ကို စောင့်နေပေးပါ ကိုယ်မင်းဆီ အရောက်လာခဲ့ပါမယ်.... ခဏလေး.... ခဏလေးပါပဲ.... ကိုယ့်ကို မင်းရှိသေးတယ်ဆိုတာ သက်သေပြဖို့အတွက် ခဏလေးပဲ စောင့်နေပေးပါကွာ....'
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
