OT (8)

1.5K 107 12
                                        

#Unicode

Jungkook မနေ့ညက တစ်ရေးနိုးပြီး ထပ်မအိပ်လိုက်ရတာကြောင့် ခေါင်းက သိပ်မကြည်ချင် Companyသွားတော့လဲ ကိုကိုနဲ့ chanhwaနဲ့က ကား အတူစီးပြီးသွားတာမို့ Jungkookလည်း taxiသာ ငှားစီးရင်း companyလာခဲ့သည်....

companyရောက်တော့ တစ်ထပ်လုံးကို သန့်ရှင်းရေးလုပ်ဖို့ အစီအစဉ် စတင်တော့သည်...ဘယ်ဘက်အစွန်ဆုံး အခန်းမှ စ၍ တံမြက်စည်း လှည်းလာရင်း ကိုကို အခန်းရှေ့အရောက် မျက်လုံးအကြည့်က အကြည်မှန်တံခါးကို ကျော်ကာ အထဲသို့ ကြည့်မိလိုက်သည်....

ရုံးခန်းထဲတွင်..
Chanhwa... Taehyung Hyungပြောတဲ့ စာရင်းတွေ စစ်နေရင်း တံခါးအရှေ့နားမှာ လူရိပ်တွေ့တာကြောင့် မျက်လုံးထောင့်က လှမ်းကြည့်လိုက်တော့ jungkookကို တွေ့လိုက်ရသည်...သူလဲ ထို အခွင့်ကောင်းကို အမိအရယူကာ Hyungရဲ့အနား အမြန်သွားလိုက်ပြီး..

"Chanhwa ဒါတွေ သိပ်နားမလည်လို့...အာ့..."
Hyungထိုင်‌ေနတဲ့ခုံနား အမြန်ပြေးသွားရင်းက chanhwa ခြေချော် လဲချင်ယောင် ဆောင်လိုက်တော့ Hyungက ထ အဖမ်း ရင်ခွင်ထဲသို့ သူ့ကိုယ်တစ်ခုလုံး နစ်ဝင်သွားလေသည်....

"ဆော...ဆောရီးနော် Hyung..."

"အင်း.... ဂရုစိုက်မှာပေါ့..."

"ဟုတ် Hyung ဟီး..."

Jungkook သူ့ရှေ့က မြင်ကွင်းကို ကြည့်ပြီး အလိုမကျမှု့နဲ့အတူ တံမြက်စည်းကိုင်ထားတဲ့ လက်က တင်းခနဲ ဖြစ်သွားတယ်...
'မာယာ‌ေတွ မာယာတွေ မြွေမြွေချင်း ခြေမြင်တယ် ကိုကို့အပေါ်ကို တမင်တကာ လှဲချလိုက်တာများ.m.'

Jungkookလဲ စိတ်တိုတိုနဲ့ တံမြက်စည်း လှည်းနေလိုက်တာ သတိရ‌လို့ နာရ်ီကို ကြည့်မိတော့ 2နာရီထိုးနေလေပြီ...
'ဟူး 2နာရ‌ီတောင် ထိုးသွားပြီ နေ့လည်စာလဲ စားချင်စိတ်မရှိတော့ဘူး တစ်ထပ်လုံးလဲ လှည်းပြီးပြီဆိုတော့ ကျန်တာတွေ လုပ်စရာ မရှိတော့ဘူး ကိုကို့ဆီသွားရင် ကောင်းမလား.... အာ ....တွေးနေတာ ကြာတယ် သွားလိုက်မယ်...'

ကိုကို့ ရုံးခန်းထဲ ဝင်လိုက်တော့ သူ့ကို ကိုကိုရော chanhwaကပါ ကြည့်လာသည်...

"Jungkook အလုပ်တွေပြီးပြီလား ပြီးရင်လဲ ပြန်လေ ဘာလာလုပ်တာလဲ..."
အသံမာမာနဲ့ ပြောလာတဲ့ ကိုကို့ကြောင့် jungkook ခေါင်းကို အသာငုံ့ရင်း...

Only Then 💔(Edited Version)Dove le storie prendono vita. Scoprilo ora