Jungkook ကြည့်လိုက်တော့ ဗူးအထဲမှာက စိန်လက်စွပ်လေး....
" ကိုကို ဘာလို့..."
"ကိုယ့်ကို ထာဝရ လက်တွဲသွားပေးနိုင်မလား Jungkookie....
ကိုယ်လေ မင်း အပေါ် တာဝန်မကျေခဲ့မိတာတွေအတွက် တစ်ဘဝလုံးစာ ကိုယ့်ကို သိမ်းပိုက်ပေးနိုင်မလားဟင်......"
"ဟင့် ကို...ကို...အင့် ..."
ဝမ်းသာပီတိ ဖြစ်လို့ ကျလာတဲ့ မျက်ရည်တွေက Jungkookရဲ့ မျက်လုံးမှာ နေရာအပြည့်ယူထားလျက်.....ထို့ကြောင့်ပင် စကားဆက်ဖို့ မနည်းအားယူနေရသည်။
"ကိုယ် မင်းကို သိပ်မြတ်နိုးရပါတယ် ကလေးငယ်ငယ်....သိပ်လည်း ချစ်ရပါတယ်ကွာ"
"ကျ .. ကျွန်တော်လည်း ကိုကိူ့ကို အင့် အများကြီး ချစ်တယ် ဟင့်..."
"အဲ့ဒါဆို ဒီလက်စွပ်လေး လက်ခံပေးပါနော် .."
"ဟုတ် ကိုကို .."
Taehyungလည်း ကလေးငယ်ရဲ့လက်လေးတွင် လက်စွပ်လေးကို စွပ်ပေးလိုက်ပြီး လက်ဖမိုးလေးကိုပါ ဖိကပ်နမ်းရှိုက်လိုက်သည်။
ဟေးးးးး ရေးးးးး
ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိတဲ့ ကလေးအုပ်စုက ကိုကိုနဲ့ သူ့ ဘေးနားမှာ ဝိုင်းဝန်းကာ လက်ခုပ်တီးပြီး အော်ဟစ်နေကြ လေသည်။
.............
တစ်ဘဝလုံးစာ ...
ဲီဒီလူကိုသာ မြတ်နိုးခဲ့ဖူးပါသည်...
ဒီလူကိုသာ ချစ်ဖူးခဲ့ပါသည်...
ဒီလူနဲ့သာ ကျန်နေတဲ့ ဘဝခရီးတွေကို
Jungkook လျှောက်လှမ်းချင်ပါ၏။.....
ကျန်နေသေးတဲ့ ဘဝခရီးလမ်းတွေ ဘယ်လိုပဲ
ကြမ်းတမ်းနေပါစေ....
ကိုယ်ဟာ ကလေးဘေးနား ရှိနေပေးပြီး
ကလေးချစ်ပေးခဲ့တဲ့ ချစ်ခြင်းတရားရဲ့ အကြွေးတွေကို အဆပေါင်းများစွာ ဆတိုးကာ ဆပ်ပေးချင်ပါတယ်။
သက်ဆုံးတိုင် ကိုယ့်ရဲ့အရှင်သခင်လေး အဖြစ် ကိုယ့်ကို လိုရာ စေစားလှည့်ပါ ကလေးငယ်....
လှပတဲ့ နေ့ရက်လေးတစ်ခု....
လှပတဲ့ နေရာလေးမှာ.....
ကလေးငယ်ရဲ့ အချစ်နဲ့ ကိုကို့ရဲ့ မြတ်နိုးမှု့တွေက ဖြည့်စွက်ကာ လောကကြီးရဲ့ ချစ်ခြင်းတရားကို ပုံဖော်နေေပသည်။
YOU ARE READING
Only Then 💔(Edited Version)
Fanfictionအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
Final (Part-2)
Start from the beginning
