"ဟုတ်ပါပြီကွာ...."

........

ဒီနေ့ က Taehyungဆေးရုံဆင်းပြီး တစ်ပတ်အကြာတွင် ဖြစ်သည်။

အခုရက်တွေအတွင်း ကြံုတွေ့ခဲ့ရတဲ့ ပြသာနာများကြောင့် စိတ်တွေပြန်ကြည်လင်လာစေဖို့ ဒီနေ့တွင်တော့ Taehyungနဲ့ ကလေးငယ်တို့ ဘူဆန်ရဲ့မြို့စွန်မကျတကျတွင်ရှိသည့် မိဘမဲ့ဂေဟာမှာ အလှူလေး‌သွားလုပ်ဖို့ စီစဉ်ထားကြသည်။

Jungkookတို့ ဂေဟာရောက်တော့ နေလည် ၁၂နာရီနား ကပ်နေလေပြီ၊ ထို့ကြောင့် ကလေးတွေကို နေ့လည်စာအတွက် ကြိုတင်မှာယူလာတဲ့ အစားအစာများကို တစ်ခါတည်း ကျွေးမွေးလိုက်သည်။ ထို့နောက်တွင်တော့ ကိုကိုက ကလေးတွေကို ကျောင်းနဲ့သက်ဆိုင်တဲ့ စာရေးကိရိယာလေးတွေ ဝေပေးဖို့ ကားဆီသို့ တစ်ခေါက် သွားပြန်ယူနေတာကြောင့် Jungkookလည်း ကလေးတစ်ချို့နဲ့ ‌ေ‌ဆာ့ပေးရင်း စောင့်နေလိုက်သည်။

"ကိုကိုကု ကိုကိုယောင်းက ပစ်စည်းတွေ မနိုင်လို့ ခဏလောက် လာခဲ့ပေးပါအုံးတဲ့..."

"ဟုတ်ပြီ‌ ကလေး ကိုကိုကု ခုသွားလိုက်မယ်နော် "

Jungkook ကိုကို့ဆီ ရောက်တော့ အပေါ်မှာ ဖဲပွင့်ကြိုး ချည်ထားတဲ့ လက်ဆောင်ပုံး အကြီးကြီး ကိုတွေ့လိုက်ရပြီး ထိုပုံးကြီး‌ေဘးနားတွင်တော့ ကိုကိုက ပြုံးရယ်ကာ မတ်တပ်ရပ်လျက် ရှိသည်။

Jungkook သတိထားကြည့်မိတော့ ဘေးနားက သစ်ပင်‌ေတွ ဆီမှာလည်း ပူဖောင်းတွေကို လှလှပပ ချိတ်ဆွဲထားသေးသည်။

"ကိုကို ဒါ ဘာပုံးကြီးလဲ...
စာရေးကိရိယာတွေလား ကိုကို..."

"အွန်း ဖွင့်ကြည့်ပါအုံး ကလေးငယ်ရဲ့..."

ကိုကို့ ပြောစကားကြောင့် Jungkookဖဲကြိုးကို ဖြုတ်ကာ ဖွင့်ကြည့်လိုက်တော့ သူ့အရပ်နီးပါးလောက် ရှိတဲ့ ဝက်ဝံရုပ်ကြီးက ဘွားခနဲ ပေါ်ထွက်လာသည်။

"ဟင် ...."

Jungkook ကိုကို့ကို တအံ့တဩ ကြည့်လိုက်မိတော့ ကိုကိုက အလျင်အမြန်ပဲ ဝက်ဝံရုပ်ရဲ့ အရှေ့အိတ်ကပ်ထဲက ဗူးနီလေးကို ထုတ်ယူလိုက်ပြီး ဗူး‌ကို ဖွင့်ကာ ‌Jungkook ရှေ့ ဒူးထောက်ချလိုက်သည်။

Only Then 💔(Edited Version)Where stories live. Discover now