လူသတ်ဂိမ်း (၁၂)

Начните с самого начала
                                    

ထိုလူက သူ့အား ညင်သာစွာ ပွေ့ချီလိုက်ပြီး သူ့အား ရေချိုးခန်းဆီ ခေါ်သွားဖို့ လုပ်လိုက်သည်။

ထိုခဏတွင် အခန်းတွင်းမှ မီးအားလုံးက လင်းသွားခဲ့ပြီး အဝါရောင် အလင်းက လူငယ်လေးပေါ်တွင် တောက်ပလာခဲ့သည်။

သူ့နောက်ကျောမှ တက်တူးက ရှင်းလင်းနေပြီး မူလအမှောင်ကနေ ဆွဲဆောင်မှုရှိသည့် အရောင်ကို ပြောင်းလဲလာပြီး နှင်းဆီပွင့်ချပ် အရောင်တွေက အရင်ကထက် ပိုနီရဲလာခဲ့သည်။

ကံမကောင်းစွာဖြင့် ရှောင်ချန်း ကထိုစကားလုံးတွေကို မကြားလိုက်ပေ။

ထိုစကားက:

ကိုယ့်နှလုံးသားက ကလေးဆီမှာ အမြဲတမ်း ဖွက်ထားခဲ့တာ။ ကလေး ပြန်လာတာနဲ့ ကိုယ့်နှလုံးသားကလဲ ကိုယ့်ဆီ ပြန်ရောက်လာမှာပဲ။

ဒီကမ္ဘာတွင် သူ့တွင် တစ်ခုတည်းသာ ရှိပြီး ဒီတစ်ခုတည်းကပင် သူ့ကြင်နာမှုသာ ဖြစ်သည်။

“ငါတို့ကြားမှာ တစ်ဖက်လူက သေဆုံးပြီး တစ်ဖက်က ရှင်မယ်လို့ တွေးထားတာမျိုး ရှိလား? တခြားရွေးချယ်ခွင့်ကော ရှိနိုင်ဦးမလား?”

“ဘာရွေးချယ်ခွင့်လဲ?”

“ငါတို့ တစ်ယောက်တည်း ဖြစ်နိုင်ဖို့”

“ရှောင်ချန်း၊ ထတော့။ ဘာလို့ စာကြည့်တိုက်ထဲမှာ အိပ်နေရတာလဲ?” ကောင်လေးက လက်တစ်ဖက်နဲ့ မျက်မှန်ကို ကိုင်ထားပြီး စားပွဲပေါ်တွင် အိပ်ပျော်နေသည့် ရှောင်ချန်း အားနှိုးလိုက်သည်။ ကြင်နာမှုမရှိစွာဖြင့် သူက တချို့အကြောင်းကြောင့် အိပ်ပျော်နေသည့် ရှောင်ချန်း အားနှိုးလိုက်သည်။

ရှောင်ချန်း ကသူ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့အား ခေါ်နေသည့် မျက်မှန်နဲ့ ကောင်လေးအား မော့ကြည့်လိုက်သည်။ သူ့နှုတ်ခမ်းက ပွင့်နေပေမဲ့ အသံမထွက်ပဲ အံ့ဩနေသည့် မျက်နှာထားဖြင့် ထိုင်လိုက်သည်။ သူက ပတ်ဝန်းကျင်ကို အကြိမ်အနည်းငယ် ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု၊ သံသယတွေနဲ့ ပြည့်နှက်နေသည်။

“မင်း...” ရှောင်ချန်း ကတံတွေးမြိုချလိုက်ပြီး တစ်ခုခုကို ပြောထုတ်ချင်ပေမဲ့ ရုတ်တရက် သူ့အပြုအမူကြောင့် “ဘမ်း”ဆိုသည့် အသံဖြင့် ကြမ်းပြင်ကို ကျသွားသည့် စာအုပ်ဆီ အကြည့်ရောက်သွားခဲ့သည်။ ကျယ်လောင်သည့် အသံက ရှောင်ချန်း ကိုလန့်သွားစေပြီး စာတွင် အာရုံစိုက်နေကြသည့် ဘေးပတ်လည်မှ ကျောင်းသားတွေက အသံလာရာဆီကို ကြည့်လာကြသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Место, где живут истории. Откройте их для себя