Part [ 64 ] Zg + Uni

1.9K 81 2
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 64  }

သုံးလကြာပြီးနောက်............

"  ဦးဒိုင်း ချစ်စံ တို့ ဒီနေ့ မစံစံ ကို သွားကြည့်ရအောင် "

" ကိုယ် မလိုက်ချင်ဘူး ကလေး  "

မစံစံ ကို သွားကြည့်မယ် ပြောတိုင်း ဦးဒိုင်း က
အမြဲတမ်း ငြင်းနေတော့ ချစ်စံ တစ်မျိုး ဖြစ်ရသည်။

ဒီနေ့ တော့ ဦးဒိုင်း ကို ချစ်စံ မရရအောင် ခေါ်မည်။

" မရဘူး​နော်​ လိုက်ရမယ်  ဦးဒိုင်း
မစံစံ သာ ဦးဒိုင်း ကို ဝင်မကယ်ခဲ့ဘူးဆိုရင်
အခုချိန်မှာ ဦးဒိုင်း သေနေလောက်ပြီ
ဒါကြောင့် ချစ်စံ နဲ့ အတူတူ မစံစံ ကို
သွားကြည့်ရအောင်နော် "

လက်ကို တွဲချိတ်ပြီး သွားဖို့အတွက် ပြောနေတော့
ဒိုင်း ပါးစောင်ကို လျှာနဲ့ ထိုးလိုက်၏ ။

" ကိုယ် အသက်ကို  ကယ်ပေးတဲ့အတွက်
ကိုယ် သူ့ကို ကျေးဇူးတင်ပါတယ် ကလေး
ဒါပေမဲ့ သူ့ ကြောင့် ကိုယ့် ဘွား သေခဲ့ရတာ
ကို ကိုယ် ပြန်တွေးမိပြီး သူ့ မျက်နှာကို
မကြည့်ချင်ဘူး "

" ဦးဒိုင်း ခံစားချက်ကို ချစ်စံ နားလည်ပါတယ်
......ဒါပေမဲ့ ဦးဒိုင်း သိလား
ရန်ငြိုးဆိုတာ အတော်ကို ကြောက်ဖို့ ကောင်း
တယ် မပြီးဆုံးနိုင်တဲ့ ကလဲ့စားချေခြင်းတွေနဲ့
သံသရာလည်နေတာ .....အမုန်းတရားတွေကိုသာ
ဦးဒိုင်း ရင်ထဲ သိမ်းထားမယ်ဆိုရင်
ဦးဒိုင်း ဘဝက ဘယ်တော့မှ အေးချမ်းလာမှာ
မဟုတ်ဘူး......... တစ်သက်လုံး အမုန်းတရားတွေ
ကြားမှာ ကိုယ့် ဘဝက ပိတ်လှောင်နေမှာ
ဘဝဆိုတာ တိုတိုလေး ပါ ဦးဒိုင်း ရယ်
ခွင့်လွှတ်ပေးလိုက်ပါ​နော်​.......... "

" ကောင်းပြီလေ ကလေး.. ......ကိုယ် ခွင့်လွှတ်ပေး
လိုက်ပါ့မယ် ကလေးက ဒီလောက်ထိ ဖျောင်းဖျ​နေမှတော့ "

" ကျေးဇူးပါ ဦးဒိုင်း....... ဦးဒိုင်း ကို ချစ်စံ တကယ်
ကျေးဇူးတင်ပါတယ်နော် "

" ကျေးဇူးတင်ရင် ကိုယ် လက်ထပ်ခွင့်တောင်းတာ
ကို ကလေး လက်ခံလိုက်တော့လေ "

"  ဘာမှလည်း မဆိုင်ဘူး "

" ဆိုင်တာပေါ့ ကလေး ကလည်း.....
အရမ်းစိတ်ထားကောင်းတဲ့ ကိုယ်ရဲ့ ကလေးလေးက
တခြားသူတွေကိုကျတော့ ပျော်ရွင်အောင်လုပ်ပေးပြီး
ကိုယ့် ကျတော့ ပျော်ရွင်အောင် လုပ်မပေးဘူး "

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now