Part [ 11 ] Zg + Uni

2.1K 111 1
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 11  }

" ဒါပေမဲ့ ချစ်စံ မျက်နှာ က ရုပ်ဆိုးနေတော့ ချစ်စံ ဘာမှမတတ်နိုင်ဘူးလေ ......အဲ့ဒီ မတတ်နိုင်တဲ့ ကိစ္စကြီးကို
ဘာလို့  ခဏခဏ နှိမ်ပြီး ချစ်စံ ကို အားငယ်အောင် လုပ်နေရတာလဲ အန်တီသီရိ ....
ဘာလို့လဲ အန်တီသီရိ..... ဘာလို့လဲ....??
ဦးဒိုင်း ကိုလည်း မစံစံ နဲ့ ဘာလို့ အောင်သွယ်ပေး
နေရတာလဲ....... ဦးဒိုင်း မှာ ချစ်စံ ရှိတယ်လေ
ချစ်စံ  ရှိရဲ့သားနဲ့ ဦးဒိုင်း ကို ဘာလို့ မစံစံ နဲ့
အောင်သွယ်ပေးနေရတာလဲ..... ချစ်စံ က
ဦးဒိုင်း နဲ့ လက်ထပ်ထားတယ်ဆိုတာ အန်တီသီရိ
မသိဘူးလား............ "

ချစ်စံအိမ် စကားကြောင့် ဒေါ်သီရိ ထိန်းမရအောင် မျက်နှာတွေ
ပျက်သွားပြီး ချက်​ချင်းဆိုသလို သူမ ​ခေါင်းတွေခါယမ်းကာ.......

'' မဟုတ်​ဘူး ......!!! မဟုတ်​ဘူး.....!!!
ငါ့ သားနဲ့  ညည်းက လက်​မထပ်​ဘူး....လက်​မထပ်​ဘူး  "

ဒါ့အပြင်​ သူမ သူငယ်ချင်း  ဒေါ်မာလာ ကိုလည်း ချစ်စံအိမ် ပြောတာကို မယုံဖို့ ခေါင်းယမ်းပြောနေခဲ့သည်။

"  ချစ်စံအိမ် မင်း မူးနေပြီ လာသွားမယ်......... "

ချစ်စံအိမ် စကား​ကြောင့်​ ​ဒေါ်သီရိ ​သွေးပျက်​ကာ
အတင်း​တွေ ငြင်း​နေတုန်း ချစ်စံအိမ် လက်ကို
ချက်ချင်းဆိုသလို ဒိုင်း ဆွဲပြီး  ​ခေါ်သွားခဲ့၏ ။

" မလိုက်ဘူး......!!! နှာဘူးကြီး...... မလိုက်ဘူး ....!!
ချစ်စံ  မလိုက်ဘူး ....!!! မိန်းမတကာနဲ့ ပတ်ရှူပ်ချင်တဲ့ နှာဘူးကြီးနောက်ကို ချစ်စံ မလိုက်ဘူး..... "

မလိုက်ချင်ကြောင်းကို ချစ်စံအိမ် အော်ပြောနေခဲ့ပေမဲ့
လည်း ဒိုင်း ဆွဲခေါ်တဲ့ နောက်ကို ယိုင်ယိုင်တိုင်တိုင်နဲ့
ချစ်စံအိမ် ပါသွားရ၏ ။

ချစ်စံအိမ် ကို ဆွဲခေါ်သွားသော ဒိုင်း ကို စံစံနိုးဦး
ကြည့်ကာ မျက်နှာတွေပျက်နေခဲ့၏ ။
ဒါ့အပြင် ဒေါ်မာလာ ၊ ​ဒေါ်သီရိ ကလည်း မျက်နှာကြီးမည်းမှောင်
နေခဲ့သည်။  ပွဲထဲကလူတွေနဲ့ နေတန်ခိုး ကမူ
ဒိုင်း နဲ့ ချစ်စံအိမ် ကို ငေးကြည့်နေကြသည်​။

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now