Part [ 13 ] Zg + Uni

1.9K 96 0
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 13  }

" မနာလိုလို့ ဟုတ်လား အစ်ကိုကြီး...... ကျွန်မက
ဘာလို့....... "

" တော်တော့ ချစ်စံအိမ်.......!!!  တော်တော့....!!!
လိမ်နေတာကို ရပ်လိုက်​​တော့ "

စားပွဲထိုးလေးနဲ့ အတင်းတွေ ပြိုင်ငြင်းနေသော ချစ်စံအိမ်
ကို ဒိုင်း စိတ်မရှည်တဲ့အဆုံး ရပ်ခိုင်းလိုက်၏ ။
ထိုအခါ ဒိုင်း စကားအဆုံး ချစ်စံအိမ် မျက်ဝန်းကနေ
မျက်ရည်တွေက ပိုးပိုးပေါက်ပေါက်ကျလာပြီး
ဒိုင်း ကို နာကျင်စွာ စိုက်ကြည့်ကာ ........

" လိမ်နေတယ် ဟုတ်လား ဦးဒိုင်း....??
ချစ်စံ  က လိမ်နေတယ် ဟုတ်လား....??
ဦးဒိုင်း အဲ့ဒီလို ထင်တယ်ပေါ့........ချစ်စံ ကို အဲ့ဒီလို
ထင်တယ်ပေါ့.........  "

မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး မျက်ရည်တွေကျကာ
မေးနေသော ချစ်စံအိမ် ကို ဒိုင်း ကြည့်ကာ........

" ထင်တယ် ချစ်စံအိမ်.........ဒီကောင်လေးက
ငါတို့ကို ဘာလို့လုပ်မှာလဲ လုပ်ရအောင်လည်း
ဒီကောင်လေးနဲ့ ငါနဲ့က ရန်ငြိုးရန်စမရှိဘူး
မင်းသာ စံစံ ကို မနာလိုပြီး လုပ်တာမဟုတ်လား
ဝန်ခံလိုက်စမ်းပါ ချစ်​စံအိမ်​.... မင်း ဝန်ခံလိုက်စမ်းပါ  "

ချစ်စံ ကို မယုံကြည်တဲ့ သူတစ်ယောက်ကို ချစ်စံ
ဒီထက် ရှင်းမပြချင်တော့ပါ။  ရှင်းပြနေလည်း
အပိုသာ ဖြစ်မည်။ အခုတောင် ချစ်စံ ကို
ဦးဒိုင်း က စွပ်စွဲပြီး သံသယမျက်လုံးတွေနဲ့ ကြည့်နေခဲ့ပြီလေ။
ဒါ့အပြင် အခုမှ တွေ့ဖူးတဲ့ စားပွဲထိုးလေး ကို
ချစ်စံ ထက် ဦးဒိုင်း က ပိုပြီးယုံကြည်နေခဲ့သည်။

" ဟုတ်တယ် ဦးဒိုင်း. ......ချစ်စံ လုပ်တာ ဦးဒိုင်း
  ပြောသလို မစံစံ ကို ချစ်​စံ မနာလိုပြီး  လုပ်တာ..... .
အဲ့ဒီတော့ ချစ်စံ ကို ဘာလုပ်မှာလဲ......
ဘာလုပ်မှာလဲ ဦးဒိုင်း..... ဦးဒိုင်း ဘာလုပ်မှာလဲ
ပြောလေ.......!!!!  "

" ဘုန်း............ဘုန်း......ဘုန်း "

ဒိုင်း သူ့ ရင်​ဘတ်​ကို အသားကုန်​ထုရိုက်​​ပြီး
နာကျင်စွာနဲ့ အံ့ကြိတ်ကာ စိုက်ကြည့်​နေ​သော
ချစ်စံအိမ် ကို စိတ်တိုစွာ ကြည့်ပြီး မဲ့လိုက်ကာ.......

ဦးရဲ့ တစ်နှစ်ခံ သတို့သမီး ( မာန်ဒိုင်းလျှံ + ချစ်စံအိမ်)Where stories live. Discover now