Part [ 26 ] Zg + Uni

2.2K 97 0
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 26  }

"  ဒါဆို ချစ်စံ  ဒီပေါ်မှာ အိပ်ရင် ခင်ဗျားက ဆိုဖာပေါ်မှာ
သွားအိပ်မှာလား...?  "

" နိုး...... ဆိုဖာပေါ်မှာ ငါ မအိပ်နိုင်ဘူး "

" ဘားးးးးးးးးးးး !!!!!  "

" အမလေး.... !!! "

" ဘုန်း..!!! "

" အား...... !!!! "

အပြောနဲ့အတူ  ချစ်စံအိမ် သူမလက်ကို လာကိုင်လိုက်
သော ဒိုင်း ကြောင့် ဒေါသတွေ ထောင်းကနဲ ထွက်သွား
ပြီး  အသားကုန်​​အော်ချပစ်လိုက်​၏ ။ ထိုအခါ ဒိုင်း ခမျာ ချစ်စံအိမ်
အသံကြောင့် လန့်ပြီး ကုတင်ပေါ်ကနေ ပြုတ်ကျသွားတော့
၏ ။

" ဟားဟား....... ဟားဟား ဦးဒိုင်း ဟားဟား ဟားဟား "

ဒိုင်း သူ အောက်ပြုတ်ကျသွားတာကို ချစ်စံအိမ် က
ရယ်နေတော့ နာကျင်နေတဲ့ အနာတောင် မေ့ပြီး
ချစ်စံအိမ် ကို သူ ငေးကြည့်နေမိ၏ ။

အောက်ပြုတ်ကျသွားတာကို ပြန်မထဘဲ ချစ်စံ ရယ်နေတာ
ကိုပဲ ငေးကြည့်နေသော ဦးဒိုင်း ကြောင့် ရယ်နေတာကို
ချစ်​စံ အမြန်ရပ်ပစ်လိုက်ရသည်။

ရယ်နေတာကို ရပ်ပစ်လိုက်ပေမဲ့လည်း ချစ်စံ ကို ငေး ကြည့်
နေတာက ရပ်လို့ မသွားဘဲ မြတ်နိုးစွာနဲ့ တအားတွေ
စိုက်ကြည့်နေတော့ ချစ်စံ စိတ်ကြဉ်းကြပ်လာရသည်။

နီညိုရောင် လက်ရှည်ကိုမှ ဂျင်း အနက်နဲ့ တွဲဝတ်ထားတဲ့
ဦးဒိုင်း ရဲ့ ပုံစံက သိပ်ကို ကြည့်လို့ကောင်းသည်။ နီညိုရောင်
လက်ရှည်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားတော့
ဦးဒိုင်းရဲ့ အကြောစိမ်းလေးတွေကို အထင်းသား မြင်နေရသည်။

အင်္ကျီကြယ်သီးကိုလည်း သုံးလုံးလောက်ထိ ဖြုတ်ထားတော့
လစ်ဟနေသော  ဦးဒိုင်း ရဲ့ sick pack တွေကိုလည်း
ချစ်စံ မြင်နေရသည်။  ရင်ပြင်ကျယ်ကြီးကလည်း
မိန်းကလေးတွေ အားကိုးစရာ​ကောင်းလောက်​​အောင်
ကြီးမားကျယ်ပြန့်သည်။

မျက်ခုံး ထူထူတန်းတန်းကလည်း တစ်ဆက်တည်း
ညီတူဖြစ်နေပြီး မည်းနက်နေ၏ ။ အထူးသဖြင့် မျက်လုံး
ပင်......။  ဘယ်လိုမှ အကြည့်မလွှဲနိုင်လောက်အောင်
ထိ ဆွဲဆောင်မှုအား ပြင်းသည်။  နက်မှောင်တောက်ပပြီး
စူးရှနေသော မျက်ဝန်းနက်နက်တွေက ချစ်စံ ကို
စိုက်ကြည့်နေသည်မှာ လူကို ရူးသွားအောင်
လုပ်​​နေသလိုမျိုးကြီးပင်.....။

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now