Part [ 59 ] Zg + Uni

1.7K 66 0
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 59  }

" တော်လိုက်စမ်း......!!!! ချစ်စံအိမ်
မင်း ပြောတာကို ငါ ယုံမယ်မှန်း ထင်နေတာလား
မင်း ငါ့ကို မမုန်းဘူးဆိုတာ ငါ သိတယ်
ပြောစမ်း.....မင်း ငါ့ကို ဘာလို့ ဖုံးကွယ်ထားရတာလဲ
ဒါမှမဟုတ် ဇာတ်ကားတွေထဲကလို
မင်းမှာ ရောဂါရှိနေလို့ ငါ့ကို ဖုံးကွယ်
ထားတာလား. .....ဒါမှမဟုတ် မင်း ကိုယ်ဝန်
မရနိုင်တော့လို့လား......????? "

" ဟင်.....!!!! "

အဆုံးသတ်မှာ အာမေဋိတ်သံနဲ့ အတူ ပြူးကျယ်သွားတဲ့
ချစ်စံအိမ် မျက်ဝန်းတစ်စုံ ကို ဒိုင်း ကြည့်ပြီး သဘောပေါက်လိုက်တော့သည်။

" ကိုယ်ဝန် မရနိုင်လို့မလား ချစ်စံအိမ် .....????
မင်း ကိုယ်ဝန် မရနိုင်လို့  ငါ့ကို မင်းအနားကနေ
တွန်းထုတ်နေတာမလား.....???? 
ငါ ထင်​တာ မှန်​​နေတာပဲ "

တုန်ယင်​ပြီး ဂနာမငြိမ်​ ဖြစ်​​နေ​သော  ချစ်​စံအိမ်​ မျက်​ဝန်း
တွေကို ဒိုင်း ကြည့်​ရင်း ကိုယ့်​ဟာကိုယ်
ပြန်​​ဖြေလိုက်​၏ ။

ထိုအခါ ချစ်​စံအိမ်​ တစ်​​ယောက်​ လှူပ်​လှူပ်​ရှားရှား
ဖြစ်​သွားကာ........

" မဟုတ်ဘူး  ဦးဒိုင်း...... ဦးဒိုင်း ထင်နေသလို
မဟုတ်ဘူး.....ချစ်စံ ဦးဒိုင်းကို အရမ်းမုန်းလို့
တွန်းထုတ်တာ ဦးဒိုင်း  ထင်နေသလို မဟုတ်ဘူး"

ဒိုင်း ဂနာမငြိမ်တဲ့ မျက်ဝန်းတွေနဲ့ တုန်ယင်ယင်အသံ
တွေကြောင့် ချစ်စံအိမ် သူ့ကို ထပ်​လိမ်နေမှန်း
သိ​တော့  ​ဒေါသက ထွက်​သွားရသည်​။

" တော်လိုက်တော့..... !!!! ချစ်စံအိမ်
မင်း ငါ့ကို လိမ်နေတာ ရပ်လိုက်တော့
ငါ ထင်သလို မင်း ကိုယ်ဝန်မရနိုင်လို့ ငါ့ကို
မောင်းထုတ်နေတယ်ဆိုတာ ငါ သိလိုက်ပြီ
ဘာကြောင့်လဲ........???  မင်း ကိုယ်ဝန်
မရနိုင်တာနဲ့ပဲ ငါ့ကို မင်း အနားကနေ
ဘာလို့ မောင်းထုတ်နေရတာလဲ........???
မိန်းမ တစ်ယောက် ကို ကလေး မွေးပေးနိုင်မှ၊  ကိုယ်ဝန်ဆောင်ပေးနိုင်မှ ငါ့က ချစ်မယ်လို့
မင်း ထင်နေတာလား.......??? ဒါဆို
မင်း မှားပြီ မကို ခင်မှ ဥကို ခင်တာပါ
မ ကို မခင်ရင် ဥကိုလည်း ဘာခင်တွယ်စရာ
အကြောင်းမှ မရှိဘူး.........ငါ ကလေး
ချစ်တတ်ပါတယ် ဒါပေမဲ့ မင်း မွေးထားတဲ့
ကလေးကိုမှ ငါ့က ချစ်တတ်တာ
အဲ့ဒီကလေးက မင်းနဲ့ မပတ်သက်ရင် ငါ
ချစ်စရာ အကြောင်းမရှိဘူး..... ..
နောက်ပြီး မင်း ကလေးမရနိုင်လည်း ဘာဖြစ်လဲ
ငါ့ အတွက် အရေးမကြီးဘူး........ငါ့ အတွက်
အရေးကြီးတာက မင်း တစ်သက်လုံး
ငါ့ အနားမှာရှိနေဖို့ပဲ.... အဲ့ဒါကို မင်း သိရဲ့လား
ချစ်စံအိမ်.....???? မင်း သိရဲ့လား.... "

ဦးရဲ့ တစ်နှစ်ခံ သတို့သမီး ( မာန်ဒိုင်းလျှံ + ချစ်စံအိမ်)Where stories live. Discover now