Part [ 49 ] Zg + Uni

1.5K 74 0
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 49  }

အိပ်ပြီးသွားလို့ အဝတ်အစားတောင် စံစံနိုးဦး
  ကောင်းကောင်း မဝတ်ရသေး၊  သူမ စိတ်ထဲ
ထင့်နေတာနဲ့ ဖုန်းကို ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့
မက်ဆေ့ခ်ျကြောင့် သူမ မျက်လုံးပြူးသွား၏ ။

" ဘယ်လိုလုပ်ကြမလဲ ဦးမင်းဒင်...???
မာမီ က ကိုဒိုင်း ဆီ သွားပြီး ဝန်ခံလိုက်တော့မယ်တဲ့ "

" ဘာမှ မပူနဲ့ စံ ဦး လူတွေ လွှတ်ပြီး စံ မာမီ
ကို အခုချက်ချင်း ခေါ်ခိုင်းလိုက်မယ် "

" အင်း ဦးမင်းဒင် မြန်မြန်ခေါ်နော်..... "

စံစံနိုးဦး ကို ဦးမင်းဒင် ခေါင်းတစ်ချက် ငြိမ့်ပြပြီး
စားပွဲပေါ်က သူ့ ဖုန်းကို လှမ်းယူကာ သူ့ တပည့်
တွေဆီ ချက်ချင်း ဆက်၏ ။

*************************

" ပြောလေ ဒေါ်မာလာ  ကျတော့် အဘွားကို
သတ်တာ ခင်ဗျား သမီးမလား "

" ဟင့်အင်း သမီးစံ မသတ်ဘူး.. ....
ငါ့ သမီးစံ မသတ်ဘူး တကယ်တမ်း သတ်တဲ့
လူက............"

" ဒေါ်မာလာ ခင်ဗျား သမီးက ခင်ဗျား ကို ခေါ်ခိုင်း
လိုက်တယ် ဒါကြောင့် ကျုပ်တို့နဲ့ အခုလိုက်ခဲ့ပါ  "

ဒေါ်မာလာ ပြောဖို့အလုပ် အနားကို ရောက်လာပြီး
ဖြတ်ပြောလိုက်တဲ့ ဝတ်စုံအနက်နဲ့ လူသုံးယောက်
ကြောင့် ဘယ်သူသတ်တယ်ဆိုတာ ဒေါ်မာလာ
မပြောလိုက်ရတော့ပါ။

ထိုအခါ ဒိုင်း နဲ့ တန်ခိုး မှာ recording ဖမ်းပြီး
လုပ်ထားတာက ဇာတ်ရှိန်ပျက်သွားရသည်။

" အဲ့ဒါ ဘယ်ခေါ်သွားမလို့လဲ မင်းတို့ သုံးယောက်က
ဒေါ်မာလာ ကို "

ဒေါ်မာလာ လက်ကို တစ်ယောက် တစ်ဖက် ဝိုင်းချုပ်
လိုက်တော့ ဒိုင်း ခမျာ အောင့်သက်သက် ဖြစ်သွားပြီး
ထိုလူသုံးယောက်ကို ကြည့်ကာ တန်းမေးလိုက်၏ ။

" ခုဏက ကျုပ်တို့ ပြောသွားပြီလေ ဒေါ်မာလာ သမီးက
ဒေါ်မာလာ ကို ခေါ်ခိုင်းလိုက်တယ်လို့
အဲ့ဒါ ခင်ဗျား မကြားဘူးလား...???
နားကန်းနေတာလား...!!! "

ဘောက်ဆတ်ဆတ်နဲ့ ပြောလိုက်တဲ့ ထိပ်ဆုံးက
ပထမတစ်ယောက်ကို ဒိုင်း အမြင်မကြည်ဖြစ်သွားကာ
ပါးစောင်ကို လျှာနဲ့ ထိုးလိုက်၏ ။

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Wo Geschichten leben. Entdecke jetzt