Part [ 15 ] Zg + Uni

2.2K 99 0
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 15  }

" ဟုတ် ဘွား ပြောလေ....... ကျွန်တော် တို့ကို
ဘာပြောမို့လို့လဲ ဘွား "

နာမည်ခေါ်ပြီး ပြောဖို့ ပြင်နေသော ဘွား မျက်နှာကြောင့်
ဘွား မပြောခင် ဒိုင်း ပြောဖို့ လမ်းခင်းပေးလိုက်သည်။

" ဘွား မြစ်လေး လိုချင်တယ် မြေးလေး......
အဲ့ဒါ  နှစ်လအတွင်း မြေးလေး လုပ်ပေးနိုင်မလား "

" ဘာ......!!!!! ဘွား "

" ရှင်....!!! "

" ဟမ်...!!!! "

ဒေါ်ခင်ခင် စကားကြောင့် အကုန်လုံးက အံ့ဩပြီး မျက်လုံး
ပြူးသွားကြသည်။  အဆိုးဆုံးကတော့ ဒိုင်း နဲ့ ချစ်စံအိမ်
ပင်......။  တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး
မျက်နှာတွေ ရဲသွားကြ၏ ။

" ဘွား ပြောတာ ဘယ်လိုလဲဟင်​ မြေးလေး
နှစ်လအတွင်း ဘွား အတွက် မြစ်လေး ရအောင် မြေးလေး လုပ်ပေးနိုင်မလား နောက်ပြီး မြေးမလေးကရော ဘွားအတွက် မြစ်လေးမွေးမပေးချင်ဘူးလားဟင်​ ............ "

တစ်ဖန် စကားထပ်ဆိုလိုက်သော ဒေါ်ခင်ခင် အမေးကို
ဒိုင်း နဲ့ ချစ်စံအိမ် ပြန်မဖြေနိုင်သေးဘဲ တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်ပြီး ရှက်ကိုးရှက်ကန်း
တွေဖြစ်သွားကြ၏ ။

"  ချစ်စံ က ငယ်ပါသေးတယ် ဘွား ........
နောက်ပြီး အခုမှ ချစ်စံ က ပထမနှစ်တက်မှာလေ
ဒါကြောင့် ချစ်စံ ကျောင်းပြီးမှ ဘွား လိုချင်တဲ့ မြစ်ကို
ကျွန်တော် ပေးမယ်လေ "

"  ဘွား မစောင့်ချင်တော့ဘူး မြေးလေး
အခုတောင် ဘွား အသက်က ခုနစ်ဆယ့်သုံးနှစ်ထဲ ဝင်နေပြီ
တော်ကြာ ဘွား ချက်ချင်း လက်ငင်းကြီးသေသွားရင်
ဘွား မြစ်လေးကို မချီရပဲ နေလိမ့်မယ်
ဒါကြောင့် ဘွားကို သနားပါနော် မြေးလေး "

မချီရပဲ နေလိမ့်မယ်ဆိုသော ဘွား ကြောင့် ဒိုင်း
ဘာလုပ်ရမှန်း မသိဖြစ်သွားရသည်။  ချစ်စံအိမ်
ကို ကြည့်လိုက်တော့လည်း ရှက်ပြီး မျက်နှာတွေရဲကာ
ဘာစကားမှ မပြောနိုင်ပဲ ဖြစ်နေခဲ့သည်။
ဒါ့အပြင် ဒယ်ဒီ ကလည်း ဘွား ဆန္ဒကို လိုက်လျောပေး
ပါဆိုပြီး သနားခံတဲ့ အကြည့်နဲ့.....။  မာမီ ကတော့
သဘောမတူနဲ့ဆိုပြီး အကြည့်တွေနဲ့ သူ့ကို ​ပြောနေခဲ့၏ ။

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Opowieści tętniące życiem. Odkryj je teraz