Part [ 24 ] Zg + Uni

2.3K 113 0
                                    

💕💕💕 ဦးရဲ့ တစ်နှစ်ခံ သတို့ သမီး 💕💕💕
<><><><><><><> { Part - 24 }

" အဲ့တာ ဘာဖြစ်နေကြတာလဲ.....??? "

အနားကို ရောက်လာပြီး မေးလိုက်သော ဒိုင်း ကို
ချစ်စံအိမ် နဲ့ နေမင်းမောင် ​မော့ကြည့်ကာ .......
ချက်ချင်းဆိုသလို ​နေမင်း​မောင်​ ကလည်း
သူ့ ရင်​ခွင်​ထဲမှာ ​ရောက်​​နေ​သော ချစ်စံအိမ် ကိုယ်လေးကို
အမြန်​လွှတ်ပေးလိုက်သည်။ ချစ်​စံအိမ်​ ကလည်း ​နေမင်း​မောင်
လွှတ်​​ပေးတာနဲ့ တစ်​ပြိုင်​နက်​ အ​ပေါ်​မြှောက်​တက်​သွားတဲ့
ရင်​ဖုံး အင်္ကျီစကို ​အောက်​ပြန်​ဆွဲချ၏ ။

" ချစ်စံအိမ် မင်း ​နေမင်း​မောင်​ နဲ့ ဘာလုပ်နေတာလဲ
ဘာလဲ ငါ မရှိတုန်း ဒီကောင့်ကို မြူဆွယ်နေတာလား
ငါ နဲ့တောင် မကွာရှင်းရသေးဘူး မြူဆွယ်ရအောင်
မင်းမှာ အဲ့ဒီလောက်ထိ ယောက်ျားရှားနေရတာလား.... "

" ဖြန်း.....!!! ဖြန်း.....!!! "

စကားအဆုံး ဒိုင်း မျက်နှာကြီးက ချစ်စံအိမ် ရဲ့ ရိုက်ချက်
ကြောင့် လည်ထွက်သွားခဲ့၏ ။

" ဟုတ်တယ် ကျမ ယောက်ျားရှားတယ် ဦးမာန်ဒိုင်းလျှံ .. ဒီအတွက် ရတဲ့ ယောက်ျားကို ကျမ ရအောင် မြူဆွယ်
ရမယ်..... ကျမ မြူဆွယ်တာကို ရှင် မမြင်ချင်ရင်
အခုပဲ ကျမ ကို ကွာရှင်းပေးလိုက်လေ..... "

ဒေါသတွေ ထွက်ပြီး အသားတွေပါ ချစ်စံအိမ်
တဆက်ဆက်တုန်ကာ ချစ်စံ လို့ သူမ ကိုယ် သူမ မသုံးနိုင်တဲ့အပြင် ဒိုင်း နာမည်ကိုတောင် သူမ စိတ်တွေတိုပြီး
အရှည်ကောက်ခေါ်ပစ်လိုက်၏ ။

ချစ်စံအိမ် စကားကြောင့် ဒိုင်း ခမျာ မေးရိုးကြောတွေ
ပေါက်ထွက်မထိ ​ထောင်​လာကာ မျက်လုံးတစ်စုံ
ကလည်း အတော်ကို နီရဲနေ၏ ။

နေမင်းမောင် နဲ့ နေတန်ခိုး ကမူ ဒိုင်း မျက်နှာကို ကြည့်
ွှ ၍ ခပ်လန့်လန့်ဖြစ်နေ​လေသည်။ အဆိုးဆုံးကတော့
နေတန်ခိုး ပင်.....။ ဒိုင်း သူငယ်ချင်း ပီပီ
ဒိုင်း ဒေါသကို တန်ခိုး က သိနေတော့ ဒိုင်း ဘယ်အချိန်
သောင်းကျန်းမလဲဆိုတာကို ​တန်​ခိုး တွေးပြီး လန့်နေ​လေ၏ ။

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now