Part [ 3 ] Zg + Uni

2.6K 126 2
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part -3  }

အောက်ထပ်ကိုလည်း ရောက်ရော ပင်လယ်စာ
Restaurant ဆိုင်ထဲကို ချစ်စံအိမ် ဝင်လာခဲ့သည်။

ထိုအခါ ဆိုင်ရဲ့ ထောင့်နားက ဝိုင်းမှာ ဒိုင်း ကို
ပုစွန်ကို အချဉ်နဲ့တို့ပြီး ခွံကျွေးနေသော မာရီယာ ကို
ချစ်စံအိမ် တွေ့လိုက်ရသည်။  ထိုအချိန်
မာရီယာ က ဒိုင်း ကို ပုစွန်ခွံကျွေးရင်း ဒိုင်း
နှုတ်ခမ်းထောင့်နားမှာ ပေသွားသော အချဉ်ရည်
ကို တစ်ရှူးနဲ့ မသုတ်ဘဲ သူမ နှုတ်ခမ်းနဲ့ သုတ်ပြီး
ဒိုင်း နှုတ်ခမ်းစပ်​နား​လေးကို နမ်းပစ်လိုက်သည်။

ဒီမြင်ကွင်းကို ချစ်စံအိမ် ကြည့်ပြီး သူမ ပါးစပ်ဟောင်းလောင်း
ဖြစ်သွားကာ သူမ လက်ထဲက ကိုင်ထားတဲ့
အထုပ်တွေကလည်း အောက်ကို ပြုတ်ကျသွားခဲ့သည်။

ထိုအချိန် ဒါကို ဒိုင်း မြင်ပြီး ချစ်စံအိမ် ကို တစ်ချက်ကြည့်
ကာ အကြည့်ကို လွှဲပစ်လိုက်သည်။

********************

" ချစ်စံအိမ် မင်း အဆင်ပြေရဲ့လား.....??
နေမကောင်းဘူးလား "

အိမ်ပြန်ဖို့ အချိန်ကျမှ ဦးဒိုင်း က ချစ်စံ ကို အိမ်ပြန်ဖို့
အတွက် ကားပေါ်ခေါ်လာခဲ့သည်။  ဒီမတိုင်ခင်တစ်
လျှောက်လုံးလည်း မာရီယာ ဆိုတဲ့ အစ်မ နဲ့
ဦးဒိုင်း က ပလူးပလဲလုပ်နေခဲ့သည်။  ဒီမြင်ကွင်းတွေကို
မမြင်ချင်မှအဆုံး ချစ်စံ ကြည့်နေရသည်။

အခု ကားပေါ်ရောက်မှ ချစ်စံ မျက်နှာကို ကြည့်ပြီး
အဆင်ပြေရဲ့လားလို့ မေးလိုက်တဲ့ ဦးဒိုင်း ကြောင့်
ချစ်စံ  အဆင်မပြေဘူးဆိုတာကို ထုတ်ပြောချင်သည်။
အကယ်၍ ပြောလိုက်ရင် ဦးဒိုင်း ချစ်စံ ကို စိတ်ဆိုးသွား
မှာကို ချစ်စံ အရမ်းကြောက်သည်။

" အဆင်ပြေပါတယ် ဦးဒိုင်း  .....ချစ်စံ
ဘာမှမဖြစ်ပါဘူး  ချစ်စံ ဒီနေ့ နည်းနည်းပန်းသွားလို့ပါ "

" အင်း " 

ချစ်စံ စကားကို ယုံသွားပြီး ကားစတီယာရင်ကို
ကိုင်ကာ ကားကို ဖြေးဖြေးမောင်းနေသော ဦးဒိုင်း
ကိုချစ်စံ ငေးကြည့်နေမိသည်။  ဦးဒိုင်း ကတော့
ချစ်စံ ငေးကြည့်တာကို သိမှာမဟုတ်ပါ။  ဘာလို့ဆို
ကားမောင်းတာကိုပဲ ဦးဒိုင်း က အာရုံစိုက်နေခဲ့သည်။

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now