Part [ 58 ] Zg + Uni

1.7K 72 0
                                    

[Zawgyi]
💕💕💕 ဦးရဲ့ တစ်နှစ်ခံ သတို့သမီး 💕💕💕
<><><><><><><> { Part - 58 }

ချစ်စံအိမ် ကိုယ်လေး တုန်တာကို ဒိုင်း သတိထားမိ၍
မေးလိုက်တာကို ချစ်စံအိမ် က ချက်ချင်း ငြင်းဆန်တော့
ဒိုင်း အလိုမကျဖြစ်လို့ သွားသည်။

ဒါပေမဲ့လည်း ဒိုင်း သူ ဝတ်ထားတဲ့ ရှပ်အင်္ကျီ
အဖြူရောင် လက်ရှည်ကို ချက်ချင်းဆွဲချွတ်ကာ
ချစ်စံအိမ် ကိုယ်ပေါ် အမြန်ခြုံပေးလိုက်၏ ။

" ရတယ် ခြုံမပေးနဲ့ ဦးမာန်ဒိုင်းလျှံ ချစ်စံ မချမ်းဘူး "

" တော် ချစ်စံအိမ် .....ငြင်းဖို့ မကြိုးစားနဲ့
ငြင်းဖို့ ကြိုးစားရင် ငါ့ နှုတ်ခမ်း က မင်း နှုတ်ခမ်း
အပေါ် ရောက်သွားရလိမ့်မယ် "

နှုတ်ခမ်းတစ်စုံကို ချစ်စံအိမ် ကိုက်ရင်း ဒိုင်း ပြောတာကို
အလိုမကျသလို ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။

ထိုသို့ ချစ်စံအိမ် လုပ်တာကို ဒိုင်း ကြည့်ပြီး
ပြုံးချင်သွားတာကို မနည်းထိန်းလိုက်ကာ တစ်ဖက်ကို
လှည့်ရင်း ခိုးပြုံးလိုက်လေသည်။

**********************

ဒိုင်း ဆယ့်နှစ်ကျော်တဲ့အထိ မအိပ်နိုင်သေးဘဲ
ကုတင်ပေါ်မှာ သူ တစ်ယောက်တည်း တွေးနေမိသည်။

ဆေးလာချတဲ့ လူနှစ်ယောက် ပြန်သွားတာနဲ့ ချစ်စံအိမ်
ရေချိုးတာကို သူ စောင့်ပေးပြီးမှ ချစ်စံအိမ် နဲ့အတူတူ
လွမ်းပြေခြံကို ပြန်လာလိုက်သည်။

ချစ်စံအိမ် ရေချိုးတာလေးက သိပ်ကို လှသည်။
မကြည့်နဲ့လို့ ချစ်စံအိမ် က ပြောပေမဲ့ သူ ခိုးခိုး
ကြည့်နေမိသည်။ ထိုအခါ သူ ကြည့်တာကို မြင်ပြီး ကတ်ကတ်လန်လန် ရန်ပြန်တွေ့တတ်တဲ့ ချစ်စံအိမ်
တစ်နည်းအားဖြင့် မခေါ်ရတာ ကြာပြီဖြစ်တဲ့ သူရဲ့ ကလေးလေးက သူ့ကို ရန်စွာတာလေးက သိပ်ကို
ချစ်စရာကောင်းသည်။

ကလေး ရဲ့ ဆံနွယ်အရှည်ကြီးကလည်း နမ်းရှိုက်
စရာကြီးပင်.....။ အနက်ရောင်ဆံနွယ် ကြားလေးတွင် highlight ခရမ်းရောင်လေး ဖောက်ထားတော့
ဖြူဝင်းတဲ့ ကလေး အသားရည်လေးနဲ့ အတော်
ကို လိုက်သည်။ သူလည်း ရန်ကုန်ပြန်ရောက်ရင်
ကလေး နဲ့ couple ဖြစ်သွားအောင်
highlight ခရမ်းရောင် လေး ဖောက်ရင်
ကောင်းမလားပင်.......။

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now