Part [ 9 ] Zg + Uni

2K 106 0
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 9  }

ကားမောင်းရင်းနဲ့ အီနေသော မစံစံ နဲ့ ဦးဒိုင်း ကြောင့်
ချစ်စံ နှလုံးသားလေးက အရမ်းနာကျင်နေရသည်။
အခုလည်း မစံစံ  ရှက်နေတာကို ဦးဒိုင်း က
ရီဝေစွာ စိုက်ကြည့်ပြီး ပြုံးနေတော့ မျက်ရည်တွေက
ဝဲချင်လာသည်။

" မငိုနဲ့ ချစ်စံအိမ်......နင် မငိုနဲ့......
မငိုနဲ့နော်...... "

ဒိုင်းတို့ကို စိုက်ကြည့်ပြီး ချစ်စံအိမ် ငိုချင်လာတာကြောင့်
သူမ ကိုယ် သူမ မငိုဖို့ ပြောနေခဲ့၏ ။

ထိုအချိန် သူမ ငိုချင်လာတာကြောင့် ကားမှန်ပြတင်း
ပေါက်နား တိုးသွားကာ အသံမထွက်အောင်
တစ်ယောက်တည်း  ကြိတ်ငိုနေခဲ့သည်။

တစ်အောင့်လောက်ကြာတော့ ငိုထားတဲ့ မျက်နှာကြီးနဲ့
ချစ်စံအိမ် ဒိုင်း နဲ့ စံစံနိုးဦး ကို စိုက်ကြည့်ကာ.............

" တော်ကြပါတော့...... နှစ်ယောက်စလုံး အီနေတာ
တော်ကြပါတော့ ကြားရဲ့လား ဦးဒိုင်း.....
ချစ်စံ ပြောနေတာကို.... .နောက်ပြီး ဦးဒိုင်း အဲ့ဒီလောက်ထိ အီချင်နေရင် ဟိုတယ်ကို သွားကြပါ...... သွားကြပါတော့
ချစ်စံ ခွင့်ပြုပေးပါတယ် သွားလိုက်ပါတော့....."

" ချစ်စံအိမ် ......!!!! ချစ်စံအိမ် ....!!! "

" အမလေး..... ဦးဒိုင်း "

ချစ်စံအိမ် ကိုယ်လေးကို ပုတ်ပြီး နိုးလိုက်သော ဒိုင်း
ကြောင့် ချစ်စံအိမ် ခမျာ လန့်ပြီး အိမ်မက်က​နေ
နိုးသွားရ၏ ။

" ငါ့ နာမည်ခေါ်မနေနဲ့  ချစ်စံအိမ် တက္ကသိုလ်ရောက်ပြီ ကားပေါ်က ဆင်းတော့....... ကျောင်းသွားအပ်မယ်
တကတည်း အိပ်ပျော်နေလိုက်တာ မိန်းကလေး မတန်မဲ့ အော်မကြားခေါ်မကြား ......"

ဦးဒိုင်း နိုးလိုက်မှ ချစ်စံ အိမ်မက် မက်နေတယ်​ဆိုတာ
ချစ်​စံ သိလိုက်ရသည်။ ထင်တော့ထင်သားပဲ ချစ်စံ ကိုယ်
ချစ်စံ အဲ့ဒီလောက် သတ္တိမရှိဘူးဆိုတာကို.... .။ ကံကောင်းလို့ပေါ့ အိမ်မက်ထဲမှာမို့လို့သာ....။  အပြင်မှာသာ
ချစ်စံ  ပြောလိုက်ရင် ဦးဒိုင်း ဒေါသနဲ့ ချစ်စံ ပြာကျ
နေလောက်ပြီ...။ ထိုအချိန်​ ချစ်စံ အတွေးပင်လယ်ဝေနေတုန်း
ဦးဒိုင်း နဲ့ မစံစံ က တက္ကသိုလ်ထဲ ဝင်သွားတာကြောင့် ချစ်စံ
ကားပေါ်ကနေ အမြန်ဆင်းပြီး ဦးဒိုင်း တို့နောက်
ကို အမြန်​​ပြေးလိုက်ရသည်။

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now