Part [ 60 ] Zg + Uni

2K 82 0
                                    

💕💕💕   ဦးရဲ့  တစ်နှစ်ခံ  သတို့ သမီး  💕💕💕
<><><><><><><>  { Part - 60  }

လှတာကတော့ အတော်လေးကို လှသည်။ ဒါပေမဲ့
ကြာကြာကြည့်ရင်တော့ သိပ်မခံပါ။

ဝတ်စားထားတာကလည်း ဟော့ရမ်းပြီး ပိုက်ဆံ
အတော်လေး ရှိမယ့် ပုံပင်....။  နောက်ပြီး
အကောင်းစား ပိုက်ဆံအိတ်ကိုလည်း လွယ်ထား
သေးသည်။ ထိုအချက်ကြောင့် မြင့်နိုင် နဲ့ ထက်လင်း
တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။

" မင်းတို့  နှစ်ယောက် ငါ မေးတာ မကြားဘူးလား
လွမ်းပြေခြံက ဘယ်နားလေးမှာလဲလို့.. ...??? "

" ခင်ဗျား က ဘယ်သူလဲ. ...??? ကျတော်
တို့ လွမ်းပြေခြံကို မေးရအောင် "

" ကျတော်တို့ လွမ်းပြေခြံ ဟုတ်လား...??
ဒါဆို မင်းတို့ နှစ်ယောက်က အဲ့ဒီခြံက
အလုပ်သမားတွေလား "

ထက်လင်း သူ့ စကားကို သံယောင်ပြန်ရွတ်ရင်း
မေးလိုက်တဲ့ မိန်းမကို ကြည့်ပြီး မဲ့ပစ်လိုက်သည်။

" ဟုတ်တယ် ကျတော်တို့ နှစ်ယောက်က လွမ်းပြေ
ခြံက အလုပ်သမားတွေ........ ဒါနဲ့ ခင်ဗျားကရော
ဘယ်သူလဲ...... ဘာကိစ္စ ကျတော်တို့
လွမ်းပြေခြံ ကို မေးရတာလဲ.....???  "

ထက်လင်း အမေးကို စံစံနိုးဦး နားထောင်ပြီး
နှုတ်ခမ်းကို ကိုက်ပစ်လိုက်ကာ......

" ငါ့ နာမည် စံစံနိုးဦး တစ်နည်းအားဖြင့် ဒီခြံမှာ
ရောက်နေတဲ့ ကိုဒိုင်း ရဲ့ ချစ်သူ....
ဒါကြောင့် မင်းတို့ နှစ်ယောက် ငါ့ကို ကိုဒိုင်း ဆီ
ခေါ်သွားပေးကြ...... ခေါ်သွားပေးရင်
မင်းတို့ကို ငါ မုန့်ဖိုးပေးမယ်  "

စံစံနိုးဦး စကားကြောင့် ထက်လင်း နဲ့ မြင့်နိုင်
မှာ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်
လိုက်ကြသည်။

ကြည့်ပြီးတာနဲ့ အရင် မြင့်နိုင် က ​ဗွေဆုံး မျက်နှာလွှဲကာ
စံစံနိုးဦး ကို ကြည့်လာလေသည်။

" မစံစံနိုးဦး , အစ်မက ကိုဒိုင်း ချစ်သူ ဟုတ်လား
ကိုဒိုင်း ဆိုတာက မာန်ဒိုင်းလျှံ ဆိုတဲ့ လူကို
ပြောတာလားဟင် "

" ဟုတ်တယ် ကိုဒိုင်း က မာန်ဒိုင်းလျှံ ကို ပြောတာပဲ
ငါ့က မာန်ဒိုင်းလျှံ ရဲ့ ချစ်သူ ပဲ
ဘာဖြစ်လို့ မေးတာလဲ.......???? "

ဦးဪဲ့ တစ်နှစ်ခံသတို့သမီး ( မန်ဒိုင်းလျှံ + ချစ်စံအိမ် )Where stories live. Discover now