တစ်ဆယ့်သုံး Uni (final)

306 20 1
                                    

"မြေးလေး အသိ သတိကပ်ပြီးနိုးထတော့.."

နားစည်ထဲတိုး၀င်လာသည့်ခပ်တိုးတိုးအသံကြောင့် မျက်လုံးကိုအားယူဖွင့်ကြည့်မိတော့ခေါင်းကရိပ်ကနဲမိုက်ကနဲ...။ထို့နောက်မျက်လုံးကိုပြန်မှိတ်ကာလက်ကိုလှုပ်ကြည့်တော့ အနည်းငယ်မျှလှုပ်လို့ရသည့်အပြင်နာကျင်မှုတွေလည်းမရှိ...။ဘယ်နေရာကိုမှကြိုးဖြင့်ချည်နှောင်ထားတာတွေလည်းမရှိချေ...။မယုံကြည်နိုင်သလိုခြေထောက်ကိုပါထပ်မြှောက်ကြည့်တော့လည်းဆွဲထားတုပ်ထားသည့်အရာတစ်ခုမျှမရှိ...။

တစ်ခုခုမှားနေသည်ကိုတွေးမိတာကြောင့်မျက်မှောင်ကိုကြုပ်ကာမျက်လုံးတစ်ဖက်ကိုသာဖွင့်ကြည့်မိတော့ အခန်းထဲမှာမည်သူမျှမရှိသည့်အပြင် အိပ်ယာပေါ်မှာအိပ်နေသည့်ခက်အပေါ်တွင်စောင်တစ်ထည်ကခြုံလျှက်သား...။

ဘယ်လိုအခြေအနေကြီးတုန်း....။ခက်..ပြန်ပေးဆွဲခံရတာတော့ ဟုတ်ပါတယ်နော်...။

"ကျွတ် ကျွတ်..."

ထထိုင်ဖို့ကြိုးစားလိုက်တော့လေးပင်နေသည့်ခေါင်းကြောင့်စုတ်သပ်ကာညည်းညူမိလိုက်၏...။ချာချာလည်မူးနေသည့်ခေါင်းကအတော်အတန်ကြည်သွားတော့မှထပ်ပြီး မျက်လုံးအစုံကိုအသာဖွင့်ကြည့်မိလိုက်သည်...။ထိုအခိုက် မျက်နှာကြက်ဆီမှမီးအလင်းခပ်စူးစူးကိုလက်နဲ့ကာရင်း အခန်းကိုဝေ့ကြည့်မိတော့ အံ့သြစိတ်ကြောင့်မျက်လုံးတို့ကပြူးကနဲ...။

ခက်က ဒီအိမ်ကိုဘယ်လိုပြန်ရောက်နေတာလဲ..။

ခုခက်ရောက်နေသည်က ခက်ကြီးပြင်းလာသည့်အိမ်မှ ခက်ရဲ့ကိုယ်ပိုင်အခန်းထဲ...တနည်းအားဖြင့်ပြောရရင် ခက်ကို မွေးစားသည့်မေမေလေးရဲ့အိမ်မှာပင်...။ဒါဆို ခက်ကိုခေါ်လာတာ မေမေလေးလား...။ဘာလုပ်ဖို့လဲ...။သူမပဲ ခက်ကိုမလိုချင်ခဲ့တာမဟုတ်ဖူးလား...။

"ကျွီ....ဂျောက်.."

နားမလည်နိုင်သည့်စိတ်နဲ့တွေးနေတုန်း ပွင့်လာသည့်အခန်းတံခါးနှင့်အတူ၀င်လာသည်က ဆွဲသားအထက်အောက်အညိုရောင်ဂါ၀န်၀မ်းဆက်ကိုကပ်ကပ်ချပ်ချပ်၀တ်ဆင်ထားသည့် မေမေလေးပင်ဖြစ်နေလေသည်...။

မိုးတစ်စက်ကြောင့်သစ်စိမ်းခက်ဝေ(Short Story)CompletedWhere stories live. Discover now