"သားကြီး...သား...မိုးတစ်စက်.."
"အင်း..ဟင်း..ချမ်းတယ်.."
"ဟဲ့ကောင်လေး...ဘာလို့အပြင်မှာအိပ်နေတာလဲ...ထစမ်း.."
လေပြေအေးအေးကဝှေ့တိုက်လာသည်မို့ တစိမ့်စိမ့်နဲ့အေးလာသည်...။စောင်ကိုယောင်ယမ်းဆွဲမိတော့ ဘယ်လိုမှရှာမတွေ့...မတွေ့သည့်အဆုံးကွေးရသလောက် ကွေးကာထပ်အိပ်ဖို့ကြိုးစားလိုက်သည်...။ထိုစဉ် ကျင်ကနဲဖြစ်သွားသည့်နားရွက်တစ်ဖက်ကြောင့် မျက်လုံးတို့မဖွင့်မိပါဘဲ ထထိုင်မိသွားသည်..။
ဒါမာတာမိခင်ရဲ့လက်ညိုးနဲ့လက်မ မှဟုတ်ပါလေစ...။
"အား...မေမေ...နာတယ်လို့..."
"အခုမှနာနေရလား...အပြင်မှာဘာလို့အိပ်နေတာလဲ...ညတုန်းကအကဲလွန်ပြီး ခက်ကလေးကအ၀င်မခံတာလား..."
မေမေရဲ့ ခက်ကလေးဆိုတဲ့အသံကြားမှ မိုးစက် မျက်လုံးအစုံပြူးလာပြီး ကုလားထိုင်ပေါ်မှအမြန်ထရပ်မိလိုက်သည်...။
"ကျေးဇူးကမ္ဘာပါမေမေရေ...သား ပွေးပေါက်ကိုသွားချော့လိုက်အုံးမယ်...ညကအကဲလွန်လို့မဟုတ်ဘူးဗျ...သားကအငြိမ်ကြီးပါ...လှုပ်တဲ့သူကလာလှုပ်တော့ သားအစွန်အဖျား မုန်တိုင်းမိသွားတာ...ချော့လိုက်အုံးမယ်မေမေရေ..."
အသံသာကျန်ခဲ့ပေမယ့် လူကဖြင့်အိမ်အပေါ်ထပ်ရောက်သွားလေပြီ...။ကြောက်တက်ရန်ကော...။
"ဟဲ့...နေအုံး..ဟဲ့...ခက်ကလေးက...အော်..ပြောစကားဆုံးအောင်နားမထောင်ပဲ
သွားပြန်ပြီ...ဖအေတူသားပီသလိုက်တာ...""ကိုယ့်ကိုဆွဲမထည့်နဲ့လေ...သားကိုဆူရင်ခွဲဆူပေါ့...ငြိမ်နေလည်းမလွတ်ဘူး..."
ရေဒီယိုနားထောင်နေရင်း မကျေမနပ်တီးတိုးရေရွတ်နေသူကို စောင်းငဲ့ကာကြည့်တော့ သူပြောတာမဟုတ်သလိုပင်...။
"တော် တိတ်...ရှင့်သားမဟုတ်ဘူးလား.."
"ဟုတ်တော့ ဟုတ်တာပေါ့..."
"အာ့ဆိုငြိမ်နေ..."
"မေ..ကို..ကို..ဘယ်...ရောက်.."
လင်မယားနှစ်ယောက်ခပ်ကြိတ်ကြိတ်တွတ်ထိုးနေတုန်း နောက်ပါးဆီကတစ်လုံးချင်းထွက်လာသည့်အသံတိုးတိုးကြောင့် လှည့်ကြည့်လိုက်တော့ သွားတိုက်ဆေးထည့်ထားသည့်သွားတိုက်တံတစ်ချောင်းနှင့်အတူ ရေတစ်ဖလားကိုပါကိုင်ရင်း ကုလားထိုင်ပေါ်ကလူပျောက်လို့ဟိုကြည့်ဒီကြည့်ရှာနေသော သစ်စိမ်းခက်ဝေလေးကိုတွေ့လိုက်ရသည်...။