လေး Uni

198 23 2
                                    

သင်္ကြန်အကျနေ့ည၏သန်းခေါင်ယံအချိန်....။တိမ်ညိုတိမ်လိပ်တို့ကင်းစင်နေရာမှ ချက်ချင်းဆိုသလို အလင်းအားကောင်းစွာသာနေသော၀ိုင်းစက်နေသည့်လမင်းဆီ တိမ်ညိုဇာပါပါးတချပ်ကဖုံးအုပ်လာသည်...။

လေတစ်ချက်အဝှေ့မှာ၀ုန်းခနဲလှပ်သွားသည့်ပြတင်းတံခါးနဲ့အတူ ဖျတ်ကနဲပွင့်လာသော မျက်၀န်းတစ်စုံ ...။ပြတင်းပေါက်ဆီမှတဆင့်အဖြူရောင်ခပ်ပါးပါးအရိပ်ကလေးသည်လည်း ကုတင်နားဆီတရွေ့ရွေ့ချည်းကပ်လာသည်...။

"ဘိုးဘိုး"

ထိုအဖြူရောင်အရိပ်ကိုမြင်သည်နှင့်မျက်လုံးပွင့်နေသည့်လူတစ်ယောက်သည်အိပ်နေရာမှထထိုင်ကာ ခပ်တိုးတိုးခေါ်သံလေးထွက်ပေါ်လာသည်...။

"မြေးလေး..အခုတော့ပျော်နေရဲ့လား..."

"ဟုတ်ကဲ့...​ပျော်နေပါတယ် ဘိုးဘိုး..."

သက်ပြင်းချသံခပ်တိုးတိုးထွက်လာသည်...။

"မြေးပဲသူ့ကိုလူ့ဘ၀ဆီသွားဖို့ကြည်ဖြူပေးခဲ့တာလေ...အခုလိုလိုက်လာတာကို နောင်တစ်ချိန်ပြန်သိရင် မကောင်းဘူးလေကွယ်..."

"ကျွန်တော်မှစိတ်မချတာဘိုးဘိုးရဲ့...သူသွားကတည်းက ပြန်ခေါ်မယ့်အချိန်ကိုပြောပြီးသားပဲကို...အမေ့ကြောင့်ကြာသွားရတာ..ဒါဆို လိုက်လာစရာမှမလိုတာ..."

"ဟုတ်ပြီ...ဟုတ်ပြီ...မြေးပျော်ရင်ပြီးရော...ဒါပေမယ့် နောက်ထပ်၁၀နှစ်လောက်နေပြီးရင်ပြန်လာရမယ်နော်...မြေးကလူခန္ဓာကိုယ်ခဏပဲရတာမလို့....အဲ့လောက်ပဲနေလို့ရမယ်..."

ကုတင်ပေါ်ကလူကပြုံးသွားကာ ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ရင်း....

"ကိုကိုဘ၀ကူးတာနဲ့ကျွန်တော်ကတစ်ခါတည်းဘ၀ပြောင်းပြီးလိုက်ခဲ့မှာမို့ မပူနဲ့ဘိုးဘိုး...အခုတော့ ကျွန်တော်ကိုကို့နားနေရလို့ပျော်နေတယ်..."

စကားအဆုံးလှစ်ကနဲ ပျောက်သွားသောအဖြူရောင်အရိပ်လေးနဲ့အတူပွင့်လက်စပြတင်းပေါက်သည်လည်းအသာအယာပိတ်သွားလေသည်...။

ခက်ဘေးမှာနှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူရဲ့ မျက်နှာကိုလက်ဖ၀ါးဖြင့်အသာအုပ်ကိုင်လိုက်သည်...။

မိုးတစ်စက်ကြောင့်သစ်စိမ်းခက်ဝေ(Short Story)CompletedWhere stories live. Discover now