🎶🎵ပိတောက်ပန်းလေးတို့နဲ့အတူ မြူးကြွလာရစေ့မယ် ခါသင်္ကြန် ဂိမှာန်နွေ ခါတော်ရှေ့ပြေး..🎶🎵
🎶🎶တူးပို့..တူးပို့လှိုင်းသံ ဒီရင်မှာနာပျော်ဖွယ် တွယ်တာနေမြဲ...... 🎶🎶🎶🎶
🎶🎶မရိုးနိုင်သေးတဲ့တေးရယ်ကြားနေရသူ့စိတ်ကိုရွှင်လာအောင် နှိုးလိုက်ကွယ်...🎶🎶
ညနေ၅နာရီ အနောက်ရိုးမဆီနေလုံးပုန်းကွယ်ချိန် ဗဟိုမဏ္ဍပ်ဆီမှ သီချင်းသံပင်လွင့်ပျံလာလေပြီ...။
အကြိုနေ့ညမှာပင် ရွာလယ်ဗဟိုမဏ္ဍပ်မှာ လူစည်နေပြီ...။
သင်္ကြန်ရောက်တိုင်း song boxငှားစားသည့် စက်ကိုင်ကိုမော်ကြီးက သူ့မှာရှိသမျှboxတွေထုတ်ပေးပြီးမဏ္ဍပ်တွင်စိတ်ကြိုက်ဖွင့်ခွင့်ပေးသည်...။
သို့ပေမယ့်သတ်မှတ်ချက်တစ်ခုရှိသည်.... တူးပို့သံရောသည့်သီချင်းကိုသာဖွင့်ရခြင်းပင်...။လူငယ်တွေကခေတ်သီချင်းဖွင့်ပေးဖို့အထွန့်တက်ရင် သင်္ကြန်နဲ့တူးပို့သံနဲ့ကအလိုက်ဖက်ဆုံးကွဆိုပြီးအားပေါင်အာရင်းသန်သန်ငြင်းသေးသည်...။
သို့ပေမယ့် ရွာသားများကမကျေနပ်တာမရှိ...။ခေတ်နောက်ကျတယ်ပဲဆိိုဆို လူကြီး လူလတ် လူငယ်အပါအ၀င်ကလေးငယ်တိုင်းက တူးပို့သံကြားရင်ခြေလှုပ်ခေါင်းလှုပ်ဖြစ်လာကြသည်...။ကိုမော်ကြီးပြောသလို တကယ်ပင် တူးပို့သံနဲ့သင်္ကြန်ကခွဲထားလို့မရပေ...။
"မေမေရေ...သားသွားတော့မယ်..."
"ရေစိုနေရင်သုတ်ဖို့တဘတ်ယူသွားသားလေး...သင်္ကြန်ရေကမဖျားပေမယ့် အအေးပတ်မှာ အမေစိုးရိမ်တယ်..."
အမွေးပွတဘက်အစိမ်းရောင်ကြီးကိုဆွဲထုတ်လာကာ သူ့လက်ထဲအတင်းထည့်ပေးလာသည့်မွေးသမိခင်ကိုကြည့်ကာ မိုးစက်ပြုံးစစလုပ်နေမိသည်....။
"မေမေ့သားက၂၉ထဲရောက်ပြီနော်...အရွယ်လွန်ပြီးဟိုင်းနေပြီ...လူပျိုသိုးကြီးဖြစ်နေပြီဆိုတာလည်းတွေးပါအုံး...ပူတက်ရန်ကော..."
"အိုတော် အမေ့မျက်လုံးထဲမှာတော့..."
"ဟုတ်ပါပြီ...အဲ့သုံးနှစ်သားထက်တော့ နည်းနည်းလေးပိုတိုးပြီးအသက်ကြီးခွင့်ပေးပါအုံး...မကြာခင် အလိမ္မာအိမ်ပါ သမက်အချောလေးကိုခေါ်လာချင်ပြီ..."