ရှစ် Zaw

177 3 1
                                    

"ပါး...ရွာမှာလုပ်ရပ်တွေဆင်ခြင်အုံးနော်...အိမ်နီးချင်းတွေရိပ်မိကုန်ရင်မကောင်းဘူး.."

လှေကားအဆင်းမှာရပ်ကာပြောလာသည့်သမီးဖြစ်သူ့စကားကြောင့်ဘုရားခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်ကာ ပုတီးစိတ်နေသည့် ဉီးကောင်းမိုးထက်၏ခြေလှမ်းတို့တုံ့ခနဲရပ်သွားရသည်...။

"သမီးကလည်း..."

"သမီးကမလည်းနဲ့...ဆင်ခြင်အုံး...ကြာရင် ဟိုတစ်ယောက်လည်းလုံးပါးပါးတော့မှာ...ရွာမှာရုပ်ပျက်ဆင်းပျက်တွေမဖြစ်စေနဲ့ ပါး...သမီး စက် ရှေ့မှာမျက်နှာမပျက်ချင်ဘူး...."

မကြည်သလိုမျက်နှာပေးနဲ့မဲ့ကာရှုံ့ကာပြောနေသည့် သမီးဖြစ်သူကြောင့် အနားအပြေးသွားကာ ခေါင်းကိုပုတ်ဖို့ပြင်လိုက်တော့ ခေါင်းတိမ်းကာရှောင်သွားသည်မို့ ဉီးကောင်းမိုးထက်မျက်နှာတစ်ချက်ပျက်သွားရသည်...။

"သမီးက ရွာအကျိုးတော်ဆောင် ဘုရား တရားသမား လူရိုး လူအေးကြီးရဲ့သမီးအနေနဲ့ပဲနေချင်တာ....အသက်မပြည့်သေးတဲ့ကလေးကို မုဒိန်းကျင့်...ပိတ်လှောင်နှိပ်စက်တဲ့မုဒိန်းသမားရဲ့သမီးအဖြစ်နာမည်မပျက်ချင်ဘူး....ဒီလိုပဲ စိတ်မထိန်းပဲလုပ်နေမှာဆို  မြို့ကိုပဲပြန်..."

သမီးဖြစ်သူပြောစကားတွေက ဉီးကောင်းမိုးထက်အားသွေးပျက်သွားစေသည်....။သူလုပ်ရပ်တွေနှင့်ပတ်သတ်၍တကြိမ်တစ်ခါမျှ ထိုသို့မပြောဖူးပေ....။မမြင်ယောင်ဆောင် မသိယောင်ဆောင်ပေးခဲ့တာပင်....။

ရွာမှာတော့ ဉီးကောင်းမိုးထက်အား ဘုရားတကာကျောင်းတကာ....ဘုရားသမား တရားသမားအဖြစ်သာသိထားကြပြီး ဤသို့သောယုတ်ညံ့မှုလုပ်ရပ်တွေကိုမည်သူမှမသိ....။

"အင်းပါ သမီးရယ်...ပါး ဆင်ခြင်ပါ့မယ်...နေ့ရက်တိုင်းသွားနေတာမဟုတ်ပါဘူး...ပါးကငြိမ်နေချင်လို့ ဒီရွာလာပြီးတရားဘာဝနာ အားထုတ်နေတာ ဟိုကောင်လေးက ထွက်ပြေးပြီး ပါးဆီဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတော့ စိတ်အလိုလိုက်မိတာပါ...သူကိုက ပါး ထားတဲ့နေရာမှာအေးအေးဆေးဆေးမနေပဲကျားဂူဝင်အောင်းလာတာလေ...."

ဆင်ခြေဆင်လက်အပြည့်ပေးနေသော ဖခင်ဖြစ်သူကို သွန်းဝဿန်မိုး မျက်ခွံတစ်ချက်လှန်ကြည့်ရင်း သက်ပြင်းအသာချမိသည်...။

မိုးတစ်စက်ကြောင့်သစ်စိမ်းခက်ဝေ(Short Story)CompletedWhere stories live. Discover now