တစ်ဆယ့်နှစ် Zaw

63 2 0
                                    


"ခက် ကိုကိုအားမှသွားပါ့လားဟင်.."

ခရီးလေးတစ်ခါသွားမယ့်အရေးကိုအနားကနေတဂျီဂျီလာလုပ်နေသူကြောင့် ခက် အလိုမကျဖြစ်မိ၏...။ခက်မှာ ဒီနေ့ဒီချိန်ထိ သူမပါပဲဘယ်သွားခဲ့ဖူးလို့လဲ...။အခုလည်းမလိုက်ခဲ့လို့ပြောတာမဟုတ်..။ဖေရောမေရောက ရှမ်းပြည်ဘက်ဆီသွားကာရှမ်းဆန်သွားဝယ်နေသည်မို့ အိမ်မှာမရှိတာ ၁၅ရက်ကျော်နေပြီ...။ဒါကြောင့်ဆန်စက်ကိုပစ်ထားခဲ့လိုမှမရ...။

ခရီးသွားမယ်ဆိုတာလည်း ရေခြားမြေခြားမဟုတ်..။မံရှိရာ မြို့ဆီခဏအလည်သွားခြင်းသာ..။

မံကဒီဇိုင်နာသင်တန်းတက်ဖို့မြို့ကိုတက်သွားတာ ၆လခန့်ပင်ရှိနေချေပြီ..။အကိုမင်းသာရော ဖွဲ့လေးပါလိုက်သွားတာမို့ ခက်တစ်ယောက်အဲ့ဒီသားအဖတတွေကိုလွမ်းနေပြီလေ....။အဓိကကတော့ ဖွဲ့လေးကိုသတိတရဖြစ်နေခြင်းပင်...။ဒါကြောင့်မြို့ဆီသွားချင်သည့်အကြောင်းကို လွန်ခဲ့သည့်တစ်ပတ်ကတည်းကပြောတော့ ကြည်ကြည်ဖြူဖြူလက်ခံသူက ယခုသွားခါနီးမှမငိုရုံတမယ်တပူပူ..။

"ကို...ကို..ပဲ..ဟို..ရက်..က..သွား..ဆို..အ..ခု..ကျ.."

မျက်နှာငယ်ဖြင့်ပြောမိတော့ သက်ပြင်းတစ်ချက်ခိုးချသံကြားလိုက်ရသည်...။

"ကိုကိုကစိတ်ပူလို့ပါ...ကိုကိုကလည်းလိုက်လို့မဖြစ်တော့ ခက်ကိုမတားရက်တော့ပါဘူး...ဟိုရောက်ရင် မံ့ကို ဟန်းဆက်တစ်လုံးချက်ချင်းဝယ်ခိုင်းနော်...ဘယ်ဈေးပဲဖြစ်ဖြစ်ဝယ်လိုက်...ကိုကိုတစ်ထောင်တန်ငွေထုတ်တွေပိဿာအိတ်နဲ့ ၃အိတ်ထည့်ပေးလိုက်တယ်...မလောက်မှာစိုးလို့ခက်နာမည်နဲ့လုပ်ထားတဲ့ ဘဏ်စာအုပ်ပါထည့်ပေးလိုက်တယ်..."

ခက် ခင်ပွန်းဖြစ်သူအပြောကြောင့် ကုတင်ဘေးကအ၀တ်အစား အစုံ၂၀ခန့်ဆန့်သည့်ဂျင်းသားအိတ်ကိုအပြေးဖွင့်ကြည့်လိုက်မိသည်...။အဟုတ်ကို တစ်ပိဿာဆန့်သည့်အိတ်နဲ့အပြည့်ထည့်ထားသော ငွေထုပ်သုံးထုပ်ကိုတွေ့လိုက်ရသည်...။အနည်းဆုံးတစ်အိတ်ကိုတစ်ထောင်တန်ထုပ်၁၅ထုပ်မျှဆန့်အောင်ထည့်ထားသည်မို့ စုစုပေါင်း သိန်း၅၀မျှရှိနိုင်သည်...။

အဲ့လောက်အများကြီးဘာလုပ်ဖို့တုန်း..။ဟန်းဆက်ဝယ်ရမှာဆိုပေမယ့်လည်း ၅၀ကြီးကုန်မှာမဟုတ်...။သုံးဖို့စွဲဖို့ဆိုတာလည်း ငွေကတန်ကြေးကြီးသည်မို့ တစ်သိန်းဆိုရင်ကို အကြာကြီးအသုံးခံသည်...။

မိုးတစ်စက်ကြောင့်သစ်စိမ်းခက်ဝေ(Short Story)CompletedWhere stories live. Discover now