"အလှူခံပါဗျို့...သဒ္ဓါတရားနည်းများမဆိုပါဝင်နိုင်ပါတယ်ဗျို့....မိုးစက်ရေ...သွားစို့ဟေ့...ခက်ကလေးမျက်နှာအပြန်မှကြည့်တော့..."
အိမ်ရှေ့ဆီက အလှူခံကြောင်းအော်သံအတူ အကိုမင်းသာအသံကအိမ်အပေါ်ထပ်အထိရောက်လာသည်...။ထိုအသံအား မိုးစက် မကြားယောင်ဆောင်လစ်လျူရှု့ကာ မိမိအား ဉီးထုပ်ဆောင်းပေးနေသည့် ခက်ကလေးအား တမွမွလုပ်နေလိုက်သည်...။
"ကို...ကို...ငြိမ်...ငြိမ်...နေ..အ...ကို...ကြီး...စောင့်...နေ.."
စပန့်ဘောင်းဘီရှည် အင်္ကျီလက်ရှည်အနီရောင်ဝမ်းဆက်နဲ့ဖွေးဥကြည်လင်နေသူလေး...။
ကိုကိုမိုးတစ်စက်ရဲ့ချစ်မ၀လေး...။
ဒီနေ့နှစ်ဆန်းတစ်ရက်နေ့...။
မနက်ပိုင်းတစ်ပိုင်းလုံး ရွာကာလသားတွေစုပေါင်းဉီးဆောင်ကာ တစ်အိမ်ဆင်းတစ်အိမ်တက် အလှူခံကြသည်...။အလှူခံရသည့်ငွေကိုခွဲဝေကာသုံးပုံနှစ်ပုံကို ရွာထဲက၇၀အထက်အသက်ကြီးသူတွေကို ညနေပိုင်းမှာ ကန်တော့ကြပြီး ကျန်ငွေကိုတော့ ညပိုင်းနှစ်ဉီးတရားပွဲမှာလှူကြမည်...။
ဒါဟာနှစ်စဉ်နှစ်တိုင်းလုပ်တဲ့ရွာဓလေ့...။
"ပွေးပေါက်...ထမင်းအချိန်မှန်စား...ကိုကိုက ညအထိမဏ္ဍပ်မှာကူလုပ်ရအုံးမှာ...၁နာရီနောက်ပိုင်းဆို ကိုကို မဏ္ဍပ်ပြန်ရောက်ပြီ...လွမ်းရင်လိုက်လာခဲ့...ဟုတ်ပြီလား..."
"ဟုတ်...အ...ဆောင်း...ကို...မ...ချွတ်..ပစ်..နဲ့...နေ..ပူ....တယ်...."
"ဟုတ်ပါပြီ...ချစ်တုံးရဲ့..ကိုကို့ယောက်ျားရဲ့စကားနားထောင်ပါ့မယ်...အရိပ်ထဲရောက်ရင်တောင် ဉီးထုပ်မချွတ်ပဲနေမယ်...ရပြီလား..."
"အင်း...."
"ခက်ကလေးရေ....အဲ့ကောင်ကို အိမ်ပေါ်ကနေ ကန်ချလိုက်ပါတော့ဟ...."
ဒုတိယအကြိမ်အော်သံကြားတော့ မိုးစက်လက်ကိုဆွဲကာ...အောက်ထပ်ဆွဲခေါ်သွားသူကြောင့် ခိုးရယ်နေမိသည်...။
မယုံကြည့်နေ...အကိုမင်းသာကို မိုးစက်ကိုဂရုစိုက်ပေးဖို့မှာကြားနေလိမ့်အုံးမည်...။
မမသီ့သမက်ပီသပါပေတယ်...မိုးစက်ကို ပွေးပေါက်လေးကအစကလေးလိုဆက်ဆံနေတော့ အခက်သားလား...။