တစ်ဆယ့်တစ် Uni

166 16 2
                                    

"ကျွတ် ကျွတ်...အ့"

တစ်စုံတစ်ခုကတက်ဖိထားသလိုခံစားချက်ကြောင့်အနည်းငယ်ရုန်းကန်ကြည့်တော့ကိုင်ရိုက်ထားသလိုလှုပ်လိုက်သည့်နေရာတိုင်းကတဆစ်ဆစ်နာလှ၏။မျက်လုံးတို့မဖွင့်မိပါပဲ ကိုယ့်အဖြစ်ကိုပြန်တွေးမိတော့ထိတ်လန့်စိတ်ကြောင့် လူကတုန်ကနဲ...။ကျောပြင်အောက်ကနူးနူးညံ့ညံ့ခံစားချက်ကြောင့် မြေပြင်ပေါ်မှာပဲရှိနေတာမဟုတ်နိုင်....။ဒါဆိုသူဘယ်ရောက်နေတာလဲ...။

"သမီးလေး....ဖွဲ့..."

ခပ်ဖွဖွခေါ်ညည်းသံနဲ့အတူတစိမ့်စိမ့်မြင်ယောင်လာသည်က အောက်ပိုင်းဗလာဖြင့် အသည်းအသန်ငိုနေသော သမီးဖြစ်သူဆီတရွေ့ရွေ့သွားနေသည့်လူယုတ်မာ၏ကျောပြင်ကျယ်...။မိုးသံတွေကြားသမီးငိုသံကစူးစူး၀ါး၀ါး....။ထိုအသံတွေကြားနေပေမယ့်သူကတော့သမီးအားပြေးခေါ်ဖို့ရာ နည်းနည်းမှလှုပ်နိုင်စွမ်းမရှိချေ...။ဒွါရကိုးပေါက်လုံးကသွေးတို့တစိမ့်စိမ့်ကျနေသည့်အပြင် တကိုယ်လုံးမှာလည်းရိုက်ပုတ်ထားသည့်ဒဏ်ရာတွေကအပြည့်...။

"သမီး...သမီး..."

ကိုယ့်ကိုယ်ကိုယ်မကယ်နိုင်တာထက် သမီးအနားပြေးမသွားနိုင်သည့်ကပိုခံရခက်သည်...။အော်ခေါ်နေရုံကလွဲပြီးမတက်နိုင်သည့်ဘ၀...။

"မလုပ်ပါနဲ့...သမီးကိုတော့လွတ်ပေးပါ..."

အော်ဟစ်တားမြစ်သံနဲ့မတူမိမိအားကျောခိုင်းကာ သမီးထံတရွေ့ရွေ့လှမ်းနေသည့်ခြေထောက်ကိုလှမ်းဆွဲဖို့ကြိုးစားနေပေမယ့် လေကိုသာဖမ်းဆုပ်မိနေသည်...။ဒီလိုမရှုနိုင်မကယ်နိုင်ဘ၀ကိုအံကြိတ်မိ၏...။

"မံ...မံ..."

"အင်း...ဟင့်...သမီးလေးကိုမလုပ်ပါနဲ့..."

ထိုလူသမီးအနားရောက်လုလုအချိန် သမီး၏ စူးစူး၀ါး၀ါးအော်ငိုသံက ရင်ကိုဓါးနဲ့ခွဲသလိုနာလှသည်...။

"မံ...မံ...ကို...ကို...မံ...အော်...နေ...လုပ်...ပါ...ဦး.."

မံသတိရမလာမချင်းအနားကမခွာပဲပြုစုနေသူကအော်ခေါ်နေတာကြောင့် မိုးစက်ဖွဲ့လေးအားပွေ့ချီကာအခန်းထဲသို့အပြေး၀င်လာခဲ့သည်...။

မိုးတစ်စက်ကြောင့်သစ်စိမ်းခက်ဝေ(Short Story)CompletedWhere stories live. Discover now