သင်္ကြန် အကျနေ့မနက်...
မိုးမရွာပေမယ့်နေရောင်နေဖြောက်နည်းနည်းလေးမှမမြင်ရပဲကောင်းကင်ကြီးတစ်ခုလုံးအုံ့မှိုင်းညို့နေသည်...။
အအေးဓာတ်သည်လည်းဆောင်းဦး၀င်စလိုချမ်းစိမ့်စိမ့်နဲ့ပင်...။မိုးစက်အိပ်ယာပေါ်ကွေးရင်းထုံးစံအတိုင်း စောင်ကိုဆွဲမိတော့ ဘယ်လိုမှဆွဲမရ...။တစ်ခုခုကအဖျားကိုဆွဲဖိထားသလိုပင်...။
"ကို...ကို..."
ဗုဒ္ဓေါ...။မိုးစက် ပွေးပေါက်လေးအသံကိုကြားယောင်နေသည်လား...ဟမ်...မဟုတ်သေးပါဘူး..။ပွေးပေါက်လေးကိုမနေ့က မိုးစက်အိမ်ကိုတကယ်ခေါ်လာတာလား...အိပ်မက်မဟုတ်ဘူးလား...။
အတွေးတို့ကသာပြာယာခတ်နေသည်...မျက်လုံးတို့ကိုတော့ဖြင့်ဖွင့်မကြည့်မိသေး...။နောက်တစ်ခါလောက်ခေါ်သံကြားရရင်တော့ မိုးစက် အိပ်မက်မဟုတ်တာကိုယုံကြည်မိမှာပင်...။
"ကို....ကို...အိပ်...ပုပ်..ခစ်...မေ....မေ...ခေါ်...နေ..."
တကယ်ကြီးဟ...။လက်ကိုဘေးဆီစမ်းမိတော့ ကိုယ်သေးသေးလေးကိုထိကိုင်မိမှ မျက်လုံးတို့ကဖျတ်ကနဲဖွင့်ကြည့်လိုက်မိသည်...။
"ဂွဒ်....မော...နင်း...ကို...ကို"
ဘေးစောင်းအိပ်နေသူက မိုးစက်၏မနက်ခင်းကို တစ်လုံးချင်းသီသောတေးသံသာဖြင့်ကြိုဆိုနှုတ်ဆက်လာသည်...။
"ပွေးပေါက်လေး....တကယ်ကြီးလား...ကိုကိုတကယ်ခေါ်လာတာလား..."
"အင့်..."
အလန့်တကြားထထိုင်ကာဘေးစောင်းအိပ်နေသူကိုဆွဲထူပြီးရင်ခွင်ထဲထည့်ဖက်ပစ်လိုက်သည်...။အိစိအိစိကိုယ်လုံးလေး၏အထိအတွေ့ကိုခံစားမိမှ အတိအကျလက်ခံလိုက်မိသည်...။
မိုးစက် ညကယောက်ျားခိုးလာတာ တကယ်ပဲပေါ့....။
"ဟား....တကယ်ကြီးပဲ...ကိုကိုတကယ်ခေါ်လာတာပဲ....အား....ပျော်လိုက်တာ..."
ထိုစဥ်..တံခါးပေါက်ကိုခပ်တိုးတိုးခေါက်သံနဲ့အတူ မေမေ့ရဲ့ခေါ်သံထွက်လာသည်...။ဒေါ်လေးသီမိုးတစ်ယောက် ဒီနေ့ အာဗြဲစိန်မလုပ်တော့ပါလား...။သား...မိုးစက်....သားလေး..နဲ့ခပ်တိုးတိုးခေါ်ကာနှိုးနေလေသည်....။
![](https://img.wattpad.com/cover/305814052-288-k319500.jpg)