ခုနစ်Uni

178 16 4
                                    

အနောက်တောင်ဆီကတလိပ်လိပ်တက်လာသည့် တိမ်သားမည်းည်းတို့နဲ့အတူ တစ်ချက်တစ်ချက် လင်းကနဲလက်လာသော မိုးကြိုးချောင်းကြီးတွေက အိမ်အပြင်ဘက်ဆီမှာတ၀င်း၀င်း...။

ဒီနေ့ နှစ်ဆန်း ၂ရက်နေ့...။

သင်္ကြန်မဏ္ဍပ်ကိုဖြုတ်သိမ်းစရာရှိတာကူသိမ်းနေရသည်မို့ ကိုကိုတစ်ယောက် ညနေပိုင်းမှပြန်ရောက်လာပြီး ကိုကိုပင်ပန်းတယ်ခက်ကလေးရေဟုဆိုကာတစ်ချိုးတည်းအိပ်လိုက်တာများ ဟောက်သံလေးတောင်ထွက်လို့...။ခက်မှာသာ လျှပ်စီးတ၀င်း၀င်းကြားမျက်လုံးကပြူးကြောင်နေသည်...။

"ကို...ကို..အိပ်...ပုပ်.."

မှောက်အိပ်နေသူရဲ့နှာခေါင်းချွန်ချွန်ကိုဆွဲကာ ခပ်တိုးတိုးဆိုမိတော့ မျက်တောင်လေးဖျတ်ကနဲခတ်ကာအိပ်ချင်မူးတူးမျက်လုံးလေးနဲ့မှေးကြည့်လာပြီး...

"ပွေးပေါက်လေး...အိပ်မပျော်ဘူးလား..."

"မိုး...ခြိမ်း...နေ..တယ်.."

"အင်း...ကိုကို့ရင်ဘက်ဆီနားကပ်ထားလေ...လာ...ကိုကို့ ရင်ဘက်ကမြည်သံကြီးနားထောင်ပြီးအိပ်ရအောင်..."

ခက်လက်မောင်းတုတ်ကြီးပေါ်ခေါင်းအုံးရင်း လက်တစ်ဖက်ကလည်းလည်ပင်းကိုဆွဲသိုင်းဖက်ပစ်လိုက်သည်...။

"အဟင်း...ကိုကို့ကိုဖက်ထားတာတင်းနေရော...ပွေးပေါက်ကလေး ဒီနေ့ဘာဖြစ်နေလဲ..."

"မ...ဖြစ်...ပါ...ဘူး...လွမ်း..လို့...အ..မေ့.."

ပွေးပေါက်လေးစကားတောင်မဆုံးသေး မိုးက်အသည်းယားလာသည်မို့ ခေါင်းအုံးအိပ်နေသည့်လက်ကိုမြှောက်ကာ ပက်လက်လဲနေသည့် မိမိအပေါ် မှောက်ထပ်လျှက်သားဆွဲတင်ပစ်လိုက်သည်...။

စောင်ပုံထဲကနေခေါင်းလေးသာထွက်နေပြီးလန့်အော်လိုက်သည်မို့ မိုးစက်သဘောတကျရယ်ပစ်လိုက်သည်...။

ဒီပွေးပေါက်လေးကို မိုးတစ်စက် ဘယ်လောက်ကြီးများတောင် ချစ်နေမိပါသလဲ ကိုယ်တိုင်တောင်မသိပေ...။

တစ်လုံးချင်းပီပီသသပြောနေတဲ့စကားချိုချိုလေးတွေကြောင့်လား.......။

သူ့ကိုသေးလိုက်တာလို့မိုးစက်ကပြောတိုင်း ကိုကိုကြည့်ထား...ခက်လုပ်ပြမယ်ဆိုပြီးလက်သီးလက်မောင်းတန်းပြကာ အသည်းအသန်အလုပ်တွေပြေးလုပ်ပြတက်တဲ့မာနခဲလေးမလို့လား......။

မိုးတစ်စက်ကြောင့်သစ်စိမ်းခက်ဝေ(Short Story)CompletedWhere stories live. Discover now