သွင်းပေးထားတဲ့ ဆေးရည် ကုန်သည်နဲ့ ကိုကို့ရိှိရာဆီသို့ Jungkookသွားလိုက်တော့သည်။
ကိုကို့မျက်နှာက သွေးေရာင္ ပြန်လွှမ်းလာတာကြောင့် အခုမှသာ Jungkook စိတ်ချနိုင်တော့ပေသည်။
ခုနက အားဆေးထဲမှာ အိပ်ဆေး ပါသည်ထင် ....ကိုကို့ကုတင်ဘေးလေး ဝင်ထိုက်ရင်း ခဏအကြာ Jungkook အတော်လေး မျက်ခွံတေွလေးလာသည်မို့ ကိုကို့လက်လေးကို ဆုတ်ကိုင်ထားရင်း သူအိပ်မော ကျသွားတော့သည်။
' ကျွန်တော်နိုးလာရင် ကိုကို့ကို အရင်ဆုံး တွေ့ချင်ပါသည် ကိုကို...သတိရပါတော့နော်..."
#Zawgyi
Chanhwa သေနတ်ချိန်လိုက်တာကို မြင်လိုက်သည်နဲ့ Jungkook သူရှေ့မှာ ရပ်နေတဲ့ ကိုကို့ကို ကာကွယ်ပေးဖို့ရာ ဆွဲလှည့်လိုက်သော်ငြား ....ကိုကိုက သိနေသည်အလား တစ်ဖန်ပြန်ဆွဲလှည့်လိုက်ကာ သူ့ကိုယ်လုံးငယ်လေးကို အုပ်မိုးလိုက်ချိန်တွင်....
ဒိုင်း!
အ့!
ကိုကို!!
ထို့အတူ ရဲတွေ တားနေသည့်ကြားမှ လှမ်းပစ်လိုက်သည့် Chanhwa ဆီသို့ စုပြုံဝင်လာသည့် ကျည်ဆံများ
ဒိုင်း! ဒိုင်း!
ဒိုင်း!
မျက်လုံး ပွင့်လျက်နဲ့ သေဆုံးသွားပြီဖြစ်သော် Chanhwaဆီသို့ Jungkook အာရုံမစိုက်နိုင်ပါ
မျက်နှာလေး ဖြူဖျော့လာကာ နောက်ကျောဘက်မှ သွေးတွေ အိုင်ထွန်းလာသော ကိုကို့ကြောင့်....
"ကိုကို ကိုကို သတိထားပါအုံး..."
"ကိုကို အာ့ ဘာမှ မဖြစ်ပါဘူး က ...ကလေးလေး စိတ်မပူနဲ့နော်..."
"အင့် ဟင့် ဘာကို ဘာမှ မဖြစ်တာလဲ ကိုကို့ နောက်ကျောမှာ သွေးတွေ အများကြီးပဲ ဟင့်..."
"အာ့..... အ အဆင်ပြေသွားမှာပါ ကလေးရယ်...."
"ဟင့် ကိုကိုသာ တစ်ခုခုဖြစ်ရင် ကျွန်တော် သေမှာ သိရဲ့လား...."
"အွန်း ကိုကိုက အာ့ ဒီချစ်စရာကလေးလေးကို ခွဲမသွားနိုင်ပါဘူး...
အခုတော့ ကိုကို ခဏ အိပ်လိုက်အုံးမယ်နော်.."
"ဟင့်....ဟင့်အင်း မအိပ်ရဘူး!
Kim Taehyung မျက်လုံးဖွင့်! မျက်လုံးဖွင့်လို့ အီးဟီး ကျွန်တော် ပြောနေတယ်လေ ခင်ဗျား မကြားဘူးလား....
ခဏနေ လူနာတင်ကား လာတော့မှာမို့ တောင့်ခံပေးပါအုံး ခင်ဗျားရယ်......"
VOCÊ ESTÁ LENDO
Only Then 💔(Edited Version)
Fanficအချစ်ရဲ့ တခြားတစ်ဖက်မှာ နာကျင်မှု့တွေ စုပုံလျက် ရှိတယ်....... Edited Version(အပိုင်းများကိုလည်း ပေါင်းထားပါတယ်🌺) Unicode & Zawgyi
Final (Part-1)
Começar do início
