Bonus Chapter-3 (Zawgyi & Unicode)

31.3K 677 53
                                    

Unicode

ဆောင်းရာသီရဲ့မနက်ခင်း အချိန်အခါလေးတစ်ခုဖြစ်သည်။‌နှစ်တစ်နှစ်ကိုဖြတ်သန်းလာပြီးတဲ့နောက်၊လွှမ်းနဲ့စီနီယာတို့ရဲ့ချစ်ခြင်း တ ရားတွေဟာလည်း တစ်ယောက်နှင့်တစ်ယောက်ကိုခိုင်ခံ့စွာချည်မြဲထားဆဲဖြစ်သည်။

ပါးချိုင့်ခွက် ပိုင်ရှင်လေးရဲ့အပြုံးနုနုလေး၊ရှင်းလင်းနေသည့် မျက်နှာလှလှလေးဟာအခြား‌သော နို့နှစ်‌ရောင်အလှတရားများနဲ့မတူညီစွာ ညိုတတလေးနဲ့ စွဲမက်ဖွယ်ကောင်းလှသည်။ လှသည်သူ့အကြည်ဓာတ်ငယ်လေးပြုံးလိုက်တိုင်း မဟာ တစ်ယောက်ဒူးထောက်ခစားမိတာအကြိမ်ကြိမ်ဖြစ်သည်။

ဘေးပတ်ပတ်လည်က ပြတင်းပေါက်မှန်တို့ကိုကာရံထားတဲ့ လိုက်ကာစအညိုရင့်ရောင် တို့ကိုပိတ်ထားသော်ငြား၊အနည်းငယ်ကျူး ကျော်၀င်ရောက်နေတဲ့ နေရောင်ဖျော့ဖျော့ဟာ မဟာ့ကလေးလေးရဲ့ ညိုတတမျက်နှာလေးပေါ်ဖျာကျနေသည်။ နူးအိလွန်းသည့်ကုတင်ထက် သူမရဲ့ဆံနွယ်နက်တို့ကလည်းစီးနှောင်ထားခြင်းမရှိသောကြောင့် ကပိုကရိုလေးဖြာကျနေသည်။ မျက်နှာလေးပေါ်သို့ ဟိုတစ်စ၊ဒီတစ်စ ကျနေသည့်ဆံချည်မျှင်တို့ကို သူ့လက်ချောင်းရှည်တို့နဲ့တယုတယဖယ် ပေးနေမိသည်။ အသေးစိတ်လှလွန်းတဲ့ ဘုရားသခင်ရဲ့ဖန်တီးထားမှုကြောင့်ပါး‌နှစ်ဖက်‌ပေါ်ကမွှေးညှင်း နု‌လေးတွေကတောင်သိပ်ကို ကဗျာဆန်လှပါသည်။

ညက မဟာ့မှာလှလွန်းတဲ့သူမလေးကြောင့် စိတ်တောင်မထိန်းနိုင်လိုက်တော့ဘဲ တော် တော် ဉာဥ့်နက်တဲ့အထိပင်၊ စိတ်လိုလက်ရ ပြုမူလိုက်မိသည်မို့ကျေနပ်အားရသလို၊စိတ်မကောင်းလည်းဖြစ်မိရသေးသည်။ သူ့က လေး အင်မတန်မှပင်ပန်းနေဟန်လေးဖြင့်ဖြစ်သည်။

လွှမ်းလေးဟာ သူ့ရဲ့ရှပ်အင်္ကျီအဖြူကို၀တ်ဆင်ထားကာ အ‌ပေါ်ကြယ်သီးလေးနှစ်လုံးကိုမတပ်ထားတာကြောင့်၊ တင်းရင်းနေတဲ့ အရာလေးနှစ်ခုဟာ မဟာ့ရဲ့မျက်စိရှေ့တွင်ထင်းက‌နဲဖြစ်သွားရသည်။ထိုအရာနှစ်ခုလေးမှာလည်းသူ့လက်ချောင်းရှည်တို့ရဲ့အရာထင်းထင်းများသာမက၊အသည်းယားလွန်းလို့၍သူကိုက်ခဲထားသည့် နီရဲရဲကိုက်ရာများကလည်းထိုနားတစ်ဝိုက်ထင်းရင်းနေသည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now