Bonus Chapter-2(Zawgyi&Unicode)

24.7K 691 44
                                    

Unicode

အခန်းငယ်ထဲတစ်သိမ့်သိမ့်နဲ့ငိုနေရှာတဲ့ သူမလေးကို မဟာ တစ်ယောက်ဘယ်လိုချော့ရမလဲဆိုတာအခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်းစဉ်းစားနေမိသည်။ လွှမ်းလေးက သူ အခန်းထဲ၀င်သွားသည်နဲ့ မျက်ရည်တွေကမန်းကတန်း သုတ်ရင်းအတင်းပြုံးပြကာ သူမအဆင်ပြေနေကြောင်းတတ်နိုင်သမျှဟန်ဆောင်ထားတတ်သည်။ဒါကိုလည်း မဟာ ကအရိပ်မိဆုံးလူသာဖြစ်သည်။ ဒီ‌ကလေးရဲ့သေးသေးလေးကစသော အမူ အရာလေးတွေပြောင်းရင်ကို သူ့စိတ်ကအလို လိုသိတာမျိုးဖြစ်သည်။ အခုလို၀မ်းနည်းနေတဲ့အချိန်မျိုးဆိုသူပိုသိသည်ပေါ့ ဒါကိုသူမလေးကဟန်ဆောင်ချင်သေးသည်။

ရူးသွပ်လွန်းတဲ့ အိပ်မက်ကြောင့်စိတ်ဓာတ်‌ တွေကျနေတဲ့သူမကို လွှမ်း ဘောလုံးမကန် နဲ့တော့ပင်ပန်းနေရင်လက်လွှတ်ချလိုက်တော့လို့တော့ မဟာ ပြောမှာမဟုတ်၊ဒါဟာ သူမလေးရဲ့လုပ်နိုင်စွမ်းအားနဲ့ယုံကြည်ချက်တွေကို သူတစ်ဖက်သတ်ရိုက်ချိုးမိမယ့်စကားမျိုးတွေသာဖြစ်သည်။ မဟာ သူမလေးရဲ့ဝါသနာကို သူမလေး ပျံသန်းချင်တဲ့အရပ်အထိ၊ အောင်မြင်မှုတွေတလက်လက်နဲ့တောက်ပနေမယ့်ဟိုအဆုံးတစ်‌နေရာထိရောက်အောင်ကိုသူပံ့ပိုးပေးချင်သည်။ ဒီလို အိပ်မက်တွေနဲ့ရှင်သန်နေတဲ့ သူမအနားမှာသူမတစ်ဦးတည်းသာပိုင်သော ကြောင်လေးတစ်ကောင်လိုသာ သူဖက်တွယ်ထားချင်သည်။ လက်ကိုနောက်ပစ်ထားလို့ မဟာ သူမအခန်းရှေ့ လျှောက်လမ်းမှာခေါက်တုံ့ ခေါက်ပြန်လျှောက်နေမိသည်။

လွှမ်းလေး စိတ်အဆင်ပြေလာဖို့၊ ၀မ်းမနည်းတော့ဖို့ကိုသူဘာလုပ်သင့်သည်လဲ။

"မဟာ!..."

"အကို!..."

မဟာတစ်ယောက်လွှမ်းရဲ့အခန်းရှေ့‌လျှောက် လမ်းမှာရပ်နေရင်းမှ အကိုကအပေါ် ထပ်သို့ ခပ်လေးလေးတက်လာသည်ကိုသူတွေ့လိုက်ရသည်။ မဟာ ဘာလုပ်ရမှန်းမသိဖြစ်နေ သည်မို့ အားကိုးရသွားသလို၊ တိုင်ပင်ဖို့အဖော်ရသွားသလိုကိုခံစားလိုက်ရသည်။

"မဟာ ဘာဖြစ်လို့စိုးရိမ်နေတဲ့မျက်နှာကြီးနဲ့လဲ။ ဘာလဲ မင်း ငါ့သားနဲ့ရန်ဖြစ်ထားတာလား"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now