Part-40(Zawgyi & Unicode)

27.3K 920 166
                                    

Unicode

ဒီနေ့တော့ ကို ဟာလွှမ်းကိုမနက်ထဲကပင်စိတ်ဆိုးနေသည်။ အကြောင်းကလွှမ်းဟာ ကွင်းထဲမှာ လွှမ်းကိုလူချသွားသည့် ကစား သမားကို လူနာသတင်း‌လာမေးဖို့ရန်ခွင့်ပြုပေးမိလိုက်ခြင်းကြောင့်သာဖြစ်သည်။
ထိုမိန်းကလေး လူနာသတင်းလာမေးမယ်ဆိုထဲက ကိုနဲ့လွှမ်းဟာ ကတောက်ကဆဖြစ်နေရခြင်းဖြစ်သည်။ကိုဟာ ထိုမိန်းကလေးကို သူ့ရှေ့ရောက်မလာစေဖို့သာ ထပ်ခါထပ်ခါပြောသည်။ သို့သော်လည်း ထိုမိန်းကလေးက လူတွေ့တောင်းပန်ချင်သည်ဟု နည်းပြဆီကနေအခါခါ အကူအညီလှမ်းတောင်းနေသည်ဟုသိရသည်။

"ကို့!...လွှမ်းကိုကြည့်ပါအုန်း"

လွှမ်းကိုမကြည့်‌တော့ဘဲဆိုဖာမှာလက်တော့ပ်တစ်လုံးနဲ့အလုပ်ရှုပ်နေသည့် ကို့ကိုလှမ်းခေါ်လိုက်မိသည်။

"ကို့!...ကိုရေ ကိုကောင်းမဟာမြတ်ရယ်လို့"

"ဘာလဲ ဘာလဲ ကိုယ့်စကားနားမထောင်တဲ့လူက အခုမှဘာလို့လာခေါ်နေတာလဲ၊"

"ကိုရယ် သူကအသင်းနည်းပြကို လူတွေ့သတင်းမေးချင်ပါတယ်လို့ အခါခါပြောခိုင်းနေတော့ လွှမ်းမှာကြားထဲကနည်းပြကိုအား နာလာရပြီ"

"အဲ့တာနဲ့ဘဲ တောင်းပန်စကားလေးတစ်ခွန်းကြောင့် အဲ့မိန်းကလေးလုပ်ထားတာတွေကို မသိကျေးကျွန်၊ ခွင့်လွှတ်ပေးရမယ်ပေါ့"

"ဟို...ဟိုလေ"

"ဟိုဟို ဒီဒီတွေလျှောက်မပြောနဲ့လွှမ်းခက်ချို၊ အဲ့မိန်းကလေး မင်းကိုတမင်ရိုက်ချလိုက်တာကို မြင်လိုက်ထဲကကိုယ်အဲ့မိန်းကလေး မျက်နှာကိုထပ်မမြင်ချင်တော့တာ၊မိန်းကလေးမို့လို့ကိုဒီလောက်ထိသည်း ခံညှာတာပေးထားတာ"

"ကို ရယ်သူလည်းရည်ရွယ်ပြီးလုပ်ချလိုက်တာတော့မဟုတ်ပေမယ့်၊ ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီးနေပြီကို"

"လွှမ်းခက်ချို!.. မင်းအခုချိန်ထိဆေးရုံကနေ တောင်ဆင်းရသေးတာမဟုတ်ဘူးနော်၊ ခြေ ထောက်မှာ ပတ်တီးအဖွေးစားကအလှမဟုတ်ဘူး။ဘာလို့ ကိုယ့်ကိုယုတ်မာချင်တဲ့ လူတွေကိုသဘော တွေဒီလောက်လိုက်ကောင်းပေးနေရတာလဲ"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now