Part-15 (Zawgyi & Unicode)

27.1K 928 67
                                    

Unicode..

ပန်ဒါမျက်ကွင်းများနဲ့ လွှမ်းတစ်ယောက်
ကုတင်ပေါ် ထိုင်ရင်း၊ ညကရှက်မိသည့်အကြောင်းလေး၌ ပြန်တွေးမျောနေမိသည်။ လှသည်။ ထိုစကားလေးက သာမန်ဖြစ်ပေမယ့် အခု‌တော့ပြန်ကြားမိတိုင်းလွှမ်းရဲ့ရင်တို့ခုန်ပေါက်ပြေးလွှားနေဆဲဖြစ်သည်။ ဒါဟာ မှန်နေသည်မျိုးတော့မဟုတ်၊ စီနီယာ လွှမ်းကိုသနားနေသည်လား။ ဒါကို လွှမ်းကပိုကာရူးသွပ်ခြင်းတို့အဖြစ် ခံစားမိနေသည်လား။

"သားရေ!...မေကြီးက သားနဲ့ဖုန်းပြောချင်လို့တဲ့"

ဒီလိုမနက်‌စောအချိန်ကြီးမှ မေကြီးကဘာကြောင့်ဖုန်းဆက်ရတာလဲ။ သူဖြင့်မျက်နှာတောင်မသစ်ရသေးဘူး။ လွှမ်း ချက်ချင်းပင် ရေချိုးခန်းထဲ၀င်ရင်း ဘေစင်မှရေကို လက်ဝါးနှစ်ဖက်နဲ့ ခံယူရင်းမျက်နှာကို ခပ်ကြမ်းကြမ်းပွတ်လိုက်သည်။

လွှမ်းလှေကားထစ်တွေကို ကျော်လွှားရင်းပြေးဆင်းလာသည်။ ထို့နောက် ဦးငယ်ရှိရာဆီသို့ပြေးသွားလိုက်သည်။ ဦးငယ်က *ဟိုမှာဆိုသည့် ပုံစံ* ဖြင့် ထမင်းဝိုင်းပေါ်ကထောင်ထားသည့် ဖုန်းကိုမျက်စပစ်ပြသည်။

"မေကြီး!..." Screen မှာပေါ်နေသည့်မေကြီး ကနုပျိုခြင်းအတိနဲ့ဖြစ်သည်။ လှသည်။ မေမေနဲ့တူလှသည့် မေကြီး ကသိပ်ကိုမှလှသည်။ မေကြီးကိုမြင်တိုင်း မေမေ့ကိုသတိရကာ ပြေးဖက်ချင်စိတ်တွေပင် ဖြစ်မိသည်။

"မတွေ့ရတာကြာလို့ ငါ့မြေးလေးကိုလွမ်းနေတာ။"

"သားကလည်းလွမ်းနေတာပါနော်၊မေကြီး ရဲ့ခရမ်းသီးနှပ်လေးကို သေလောက်အောင်လွမ်းနေတာ။"

"ဟုတ်ပါပြီကွယ်၊ ဒါနဲ့သား စာတွေကောလိုက်နိုင်ရဲ့လား။"

"အင်း၊ လိုက်နိုင်တယ်။"

"အေး...မေကြီးကဖုန်းဆက်လိုက်တိုင်း ငယ်ချိုက ဆေးရုံမှာ‌ဆို‌တော့ သားတို့နှစ်‌ယောက်လုံးနဲ့တွေ့ရဖို့ ခုချိန်ဘဲဆက်လိုက်ရတာ။"

"သား...ဒါနဲ့‌ ဘောလုံးကောသွားကန်တုန်းလား။"

"ဟာ မကန်၊ မကန်ရပါဘူး မေကြီးရဲ့သား
လေးငယ် ကမသွားခိုင်ဘူးရယ်။လွှမ်းလိမ္မာနေပါပြီနော်။"

She is mine (သူမကငါ့အပိုင်) {Complete}Wo Geschichten leben. Entdecke jetzt