Part-41(Zawgyi & Unicode)

28.7K 856 111
                                    

Unicode

ဒီနေ့ဟာလွှမ်းကျောက်ပတ်တီးဖြည်ရမည့်နေ့ဖြစ်သည်။ လွှမ်းကိုခွဲစိတ်ပေးထားသည့်ပါ‌မောက္ခကြီး‌ကအရေးပေါ်ခွဲစိတ်မှုတွေရှိနေသည်မို့ ညနေပိုင်းမှသာဖြည်ရမည်ဖြစ်သည်။ ကိုကဒီနေ့မနက်ပိုင်း၊ Company မှာအရေးကြီးကိစ္စတစ်ခုပေါ်လာတာကြောင့် လွှမ်းကိုနာ့စ်နဲ့ထားခဲ့ကာ ခဏထွက်သွားခဲ့သည်။ လွှမ်းမှာ ကိုနဲ့အတူရှိတုန်းကသက် တောင့်သက်သာရှိသလိုခံစားရ‌သလောက်
နာ့စ်နဲ့ကျအားတုံ့အားနာဟန်ရှိနေရသည်။

လူနာအကြောင်းသိသည့်နာ့စ်ဆိုတာထက်၊ လွှမ်းရဲ့အရိပ်အကဲကအစ‌ ကောက်နှုတ်တတ်သည့်ကိုကသာ လွှမ်းအတွက်အသင့်တော်ဆုံးဖြစ်သည်။

"သား!...ဘယ်လိုလဲ နေရတာအဆင်ပြေရဲ့လား"

"အင်း!...ပြေတော့ပြေပါတယ်"

"ဦးငယ် သားကိုအရင်လို fit ပြန်ဖြစ်ဖို့ Training ကောင်းကောင်းဆင်းပေးနိုင်မယ့်
နည်းပြကိုရှာတွေ့ထားပြီ"

"အာ!...ဟုတ်လား"

လွှမ်းလေးပျော်တာမြင်တော့ ခက်နောင်ချိုမှာအလိုလိုလိုက်ပြုံးလိုက်မိပြန်သည်။ ဒီကလေးမလေးတကယ်ပျော်နေရှာတာဖြစ်သည်။

"ဦးငယ်!..."

"အင်း ပြောလေ"

"လွှမ်းကော်ဖီမသောက်ရတာကြာလို့ ကော်ဖီလေး‌သောက်ချင်လာလို့"

"ဦးငယ် ၀ယ်လာပေးမယ်လေ။"

"မဟုတ်ဘူး၊ လွှမ်းပါလိုက်ချင်တာအောက်မှာကော်ဖီဆိုင်လေးရှိတယ်မလား၊ လွှမ်းလည်းနေရတာ ပျင်းလာလို့"

ခက်နောင်ချို မျက်ခုံးပင့်ရင်းတစ်ချက်တွေးလိုက်သည်။ အေးပေါ့ ဒီထဲမှာဘဲအချိန်ကုန်ခံနေရတော့ လွှမ်းလေးလည်းပျင်းလာမှာပေါ့။ သူခေါင်းတချက်ညှိတ်ပြရင်း လွှမ်းကို ပြုံးပြလိုက်သည်။

တူမဖြစ်သူကို ဝှီးချဲပေါ် သေချာထိုင်စေ လိုက်သည်။ ကျောက်ပတ်တီးအဖွေးသားလေးကိုမြင်တော့စိတ်မကောင်းမိ၊ ဒါပေမယ့် ဒါဟာထိုပတ်တီးကိုလွှမ်းနဲ့အတူမြင်ရသည့် နောက်ဆုံးနေ့လေးဖြစ်နိုင်သည်။ ဠာနများစွာရှိသည့် ဒီဆေးရုံမှာ VVIP ထပ်ကသီးသန့် ဖြစ်သည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now