Bonus Chapter-1 (Zawgyi&Unicode)

27K 873 99
                                    

Unicode

"ကလေး!..."

နူးညံ့မှုအတိနဲ့မဟုတ်သော၊အနည်းငယ်ဆောင့်အောင့်ကာခေါ်ဝေါ်လိုက်သော ကို့ရဲ့အသံခပ်ဩဩလေးဖြစ်သည်။လွှမ်းအတွက်ကို့ရဲ့ထိုခပ်‌ဆောင့်ဆောင့်အသံလေးက‌ တောင်ဘယ်အချိန်၊ဘယ်နေရာမှာဘဲဖြစ်ဖြစ်ဦးတည်ရာမဲ့စေလှသည်။

"ဗျာ!!...."

ကိုက လွှမ်းရှိရာဧည့်ခန်းဘက်သို့ခပ်ကြွကြွခြေလှမ်းတို့နဲ့လျှောက်လှမ်းလာသည်။‌ပြေပြန့် သောနှာဖူးပေါ်သို့ဆံပင်တို့ခပ်အုပ်အုပ်ဖဖြာကျနေသော ကို့ရဲ့မျက်နှာချောချောဟာအတိုင်းသားဖြင့်ရှိ‌နေသည်။နက်မှောင်သည့် မျက်ခုံးတန်းတို့ကလည်းအလိုမကျဟန်မှုန် ကုပ်ကုပ်ဖြင့်ဖြစ်သည်။

"ကလေး!...ကြက်ပေါင်းရည်ကို ဘာလို့ကုန်အောင်မသောက်တာလဲ။ ကလေးကအခု ပွဲ တွေဆက်တိုက်ကန်ရ‌တော့မှာလေ။ပြီးတော့ လေ့ကျင့်ရေးတွေတောက်လျှောက်ပြန်စရမယ့်လူလေ ကိုယ်ခံအားပြည့်နေမှပေါ့။"

"လွှမ်း...ဗိုက်ပြည့်သွားလို့ပါ ကိုရဲ့။"

လွှမ်းလိမ်ကာပြောလိုက်ခြင်းဖြစ်သည်။ ကိုက စိတ်ပူကာ လွှမ်းအားရှိရ‌အောင် ကြက်ပေါင်းရည်က နေ့တိုင်းနီးပါးတိုက်နေသည်မို့ လွှမ်းမှာညည်း‌ငွေ့၍လာရသည်။

"တွေ့လား...ကိုယ့်စကားဆိုဘယ်တော့မှဂရုတစိုက်နားမထောင်ဘူး။"

စိတ်ဆိုးချင်နေသယောင် အမူအယာရှိနေသည့် ကို့အနားသို့လွှမ်းအပြေးလေးထသွားလိုက်သည်။ ထို့နောက် ကိုရဲ့ခါးကျစ်ကျစ်ကို ကျစ်နေအောင်ဖတ်လိုက်ရင်း ကို့ဂျိုင်းအောက်မှလွှမ်းရဲ့ခေါင်းလေးကိုလျှိုသွင်းလိုက်သည်။

"ကို့!...စိတ်မဆိုးပါနဲ့ဆို။"

"ဆိုးရမှာဘဲ လွှမ်းကဒီကောင့်စကားကျရင်ဘယ်တော့မှအလေးမထားဘူးသိလား။"

"ထားပါတယ်နော်။ ထားလွန်းလို့ကိုပိုနေရတာ လွှမ်းကကို့ကိုဘယ်လောက်တောင်ချစ်လိုက်ရလဲ"

"ချွေပါဗျာ...ဒီပါးချိုင့်လေးတွေချိုင့်၀င်သွားအောင်ကိုပြုံးပြီး ဒီကောင်ကြီးကိုချွေနေသိလား"

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now