Part-27 (Zawgyi & Unicode)

29.2K 853 44
                                    

Unicode

ခြေလှမ်းကြွကြွလေး‌တွေ၊ ဆံပင်နက်တွေကို မြှောက်စီးထားရင် လစ်ဟာသွားတဲ့
လည်တိုင်ကျော့ကျော့လေးတွေ၊ ပြုံးလိုက်တိုင်းချိုင့်ဝင်သွားတဲ့ ပါးချိုင့်လေးနှစ်ဖက်၊ သေသပ်ပိရိနေတဲ့ နှုတ်ခမ်းလေးတစ်စုံ၊ ဒါတွေအားလုံးကို အပိုလိုမရှိပေါင်းစပ်လိုက်သည့်အခါဖြစ်တည်လာသည့် သူမလေး။ မဟာ ရဲ့ရင်နှစ်သည်းချာလေးပေါ့ဗျာ။

အခုလည်း နေရောင်အောက်မှာဘောလုံးနဲ့အတူ လေလိုယိမ်းနွဲ့ကာပြေးလွှားနေသည့် ပုံရိပ်လေး။ ဂျာစီအပြာနုလေးကသူမနဲ့မှပိုလှနေသလိုသူခံစားရသည်။ လွှမ်းခက်ချိုဆိုတဲ့ သူ့ကောင်မလေးက ပါရမီလည်းသိပ်ရှိသေးသကိုဗျ။

‌"လွှမ်းရဲ့ဘောလုံးကစားတာကိုကြည့်ရတာ တကယ်၊ အနုပညာဘဲကွာ"

ပွဲကြည့်စင်ရဲ့သူ့ဘေးမှာထိုင်နေသည့် ဖြိုးဇာနည်က juice ဘူးကိုလှုပ်ခါရင်းဆို သည်။

"ချီးကျူးတာတော့ကျေးဇူးပါဘဲကွာ"

"ငါလွှမ်းလေးကိုပြောတာ၊ မင်းကဘာလို့ကျေးဇူးတင်စကားလာပြောနေတာလဲ?"

"ငါ့ကောင်မလေးအစား ကျေးဇူးတင်ပေးတာလေကွာ"

"ဟ!...ငါလခွီးထဲမှ စောက်ပိုတွေလာဂုဏ်ဆာပြနေတယ်"

"ဂုဏ်ဆာသင့်တာကို ဂုဏ်ဆာရမှာဘဲ"

တဟွင့်ဟွင့်နဲ့လုပ်နေသည့် ဖြိုးဇာနည်ရဲ့ပုခုံးကို နှစ်ချက်လောက်လှမ်းပုတ်ပြီး အစွမ်း ကုန်‌ပြုံးပြလိုက်သည်။ ဖြိုးဇာနည်ဆိုတဲ့ဒီကောင့်ကိုဆို သူဒီလိုကပ်ဖဲ့ပြီးပြောလိုက်ရမှစိတ်ချမ်းသာသလိုခံစားရသည်။

ခဏနေပွဲသိမ်းခရာမှုတ်မှ မဟာ့အလှလေး အမောဖြေခွင့်ရတော့သည်။ ပွဲထဲတော်တော်ရုန်းထားရသည်မို့ ချွေးတွေလည်းစိုရွှဲ‌လို့နေသည်။ သူတို့ရှိရာ ပွဲကြည့်စင်ဘက်သို့မော့ကြည့်ပြီး ပြုံးပြလာသည့် သူမလေးကြောင့် သူပြန်ပြုံးပြရင်းလက်ပြမိသည်။
သူတို့ရှိရာဘက် ဦးတည်လာနေသည့် သူမကြောင့် သူပြုံးမိပြန်သည်။
တဖြည်းဖြည်းနီးကပ်လာသည့် သူမကိုသူငေးကြည့်မိနေတုန်း သူမရှေ့၀င်ရပ်လာသည့် အရိပ်တစ်ခု၊ မဟာ မျက်မှောင်တစ်ချက်ကျုံ့မိသွားသည်။ ထိုအရိပ်ပိုင်ရှင်ဟာကောင်လေးတစ်ယောက်ဖြစ်သည်။ လက်ထဲလည်းအားဖြည့်ချိုရည်ဘူးကိုကိုင်ထားလို့ပါ။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now