Part-29(Zawgyi & Unicode)

27.8K 917 94
                                    

Unicode

လွှမ်းရဲ့ခန်းစီး လိုက်ကာတို့ဖွင့်ဟထားခြင်းကြောင့် မှန်းပြတင်းမှတိုး၀င်လာနေသည့်နေရောင်ခြည်နုနုနဲ့အတူ လာဗင်ဒါ အနံ့လေးကအခန်းတွင်း သင်းပျံ့နေသည်။ နိုးနိုးချင်း ရေချိုးထားသည်မို့ လွှမ်းရဲ့စိတ်တို့ကတည် ကြည်နေသည်။ လွှမ်းအခန်းရဲ့ မှန်တွေကာထားသည့်ပြတင်းပေါက်ကနေ 45° မျက်နှာ ချင်းဆိုင်‌အနေအထားမှာရှိသည့် အညိုရင့်ရောင်လိုက်‌ကာတွေကာစီးထားသည့် ကို့ရဲ့အခန်းထဲတွင်တော့ ကိုကအိပ်ပျော်နေသေးသည့်ပုံပင်။

လွှမ်းမှာသုံးသပ်ချက် viedo ရဲ့comments တွေကိုအမှန်မှသိချင်လွန်းနေသည်။ မှန်တင်‌ခုံပေါ်က ဖုန်းကိုကိုင်ဖို့မရဲတရဲသာဖြစ်နေရသေးသည်။ အောက်နှုတ်ခမ်းလေးကို ကိုက်လိုက်တွေဝေလိုက်နဲ့ လွှမ်း အချိန်ဆွဲနေမိသည်။

*Ring...Ring* ထိုအချိန်ဖုန်း၀င်လာသည်က ကဗျာ့ဆီမှဖြစ်သည်။

"Hello!!!! လွှမ်း!...လွှမ်းရေ!! လွှမ်းခက်ချို!"

"အာ!" ခပ်ဆူဆူးနဲ့အော်လိုက်သည့် ကဗျာ့အသံကြောင့် လွှမ်းဖုန်းကိုနားနားမှပင်ခွာမိ သည်။

"မနက်စောစောစီးစီး အလန့်တကြားဟာဘာဖြစ်ရတာတုန်း?..."

"လွှမ်းခက်ချို!!...နင် အခုထိမသိသေးဘူးလား"

"ဘာကိုသိရမှာလဲ!..."

"အာ!!!...ငါတို့ ခြေစွမ်းစစ်ပွဲကိုအောင်သွားပြီ၊ အခုဘဲငါ့ဆီmessage ရောက်တာ၊ အားး နင်လည်းပါတယ်"

"ဘာ!! တကယ်?...တကယ်ကြီးလား"

လွှမ်း ထိုင်နေရာမှမတ်တပ်ပင်ထရပ်မိသည်။ ထိုအချိန် လွှမ်း ဦးနှောက်ရဲ့‌သွေးကြောတို့ရပ်တန့်သွားရသည်။ ရင်တွေခုန်ရလွန်းလို့ပေါက်မထွက်တက်ပင် လွှမ်းအခု တကယ့်ဘောလုံးသမားအစစ်ဖြစ်တော့မည်လား။

"အားး!..."

လွှမ်းရဲ့မျက်နှာမှာမျက်ရည်တွေစီးလို့ရယ် ကဗျာ့ရဲ့စကားသံကိုပင်ထပ်နားမထောင်နိုင်တော့ပေ။ လွှမ်းဟာတရှုံ့ရှုံ့နဲ့ ငိုနေလျက်ဟိုဖက်အိမ်ကကို ရှိရာသို့အပြေးနှင်နေတော့ သည်။

*ဒေါက်...ဒေါက်* အိပ်နေတဲ့ကို့ရဲ့အခန်းတံခါးကိုလွှမ်းတီးခေါက်လိုက်သည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now