Part-4 (Zawgyi & Unicode)

30.6K 1.1K 48
                                    

Unicode

*လွှမ်းရေ....ငါရောက်နေပြီ။*

ကဗျာလွင်တစ်ယောက် လွှမ်းကိုစာလှမ်းပို့ပြီးသည်နဲ့ အိမ်ထဲသို့၀င်ချလာလိုက်သည်။ဒီ‌နေ့ကပိတ်ရက်ဖြစ်ဝာာကြောင့် သူငယ်ချင်းနှစ်ယောက် အပြင်မှာဒိတ်ဖို့လုပ်ထားမိ သည်။

၀င်၀င်ချင်းမြင်လိုက်ရသည်က တောက်ပြောင်လွန်းသည့်နို့နှစ်‌ရောင် စတီဆိုဖာမှာထိုင်ရင်း အလုပ်ရှုပ်နေပုံရသည့် လွှမ်းရဲ့ဦးငယ်ကိုဖြစ်သည်။ အလုပ်ရှုပ်နေသည့်
ခက်နောင်ချိုက ကဗျာလွင် ကိုတွေ့တော့နူးညံ့သ‌ယောင် ပြုံးပြလာသည်။ ပါးချိုင့်လေးတွေချိုင့်၀င်သွားတော့ တကယ်ကိုမှပင် လွှမ်းနဲ့တူလှသည်။ ဒီအခိုက်အတန့် ကဗျာလွင်‌တို့တိမ်တွေပေါ်မှာ မျောနေသယောင်ခံစားမိလိုက်သည်။

"ချောလိုက်တာ!...."

"‌ဗျာ!..." ခက်နောင်ချိုက ကိုယ့်တူမအရွယ်ဖြစ်သည့် လွင့်ကိုယဉ်ယဉ်ကျေးကျေးဘဲပြောဆိုသည်။ ဒီထက်အပိုအလိုဘာမှမဆိုပေ။ ဒါကလည်း ခက်နောင်ချိုရဲ့ ပင်ကိုဗီဇ ဖြစ်သည်။

"ဟို...လွှမ်း..လွှမ်းဆီလာတာပါ။"

"ထိုင်ပါ။ ကျွန်တော်...."

"ကဗျာရောက်ပြီလား?...."

လွှမ်းတစ်ယောက် လှေကားပေါ်ကနေပြေးဆင်းလာပြီး ကဗျာ့ကိုပခုံးကနေဆွဲဖက်ကာ အပေါ်ထပ်သို့ဆွဲခေါ်သွားတော့သည်။ ကဗျာမှာဝောာ့ ဘေးက လွှမ်းကိုထုသတ်ချင်‌စိတ်တွေပင်ပေါက်လာရသည်။ နည်းနည်းကြာကြာလောက် ထပ်တွေ့လိုက်ရရင်ကောင်းသားကို အခုတော့လေ။

"ဟဲ့...ငါဒါလေး၀တ်ရင်ကောင်းမလား?..."

"...."

"ဟဲ့ကဗျာ!...."

"ဘာလဲ....ဘာတွေငေးနေတာလဲလို့၊ အနက်လားအညိုလား"

"နင်!...အရောင်းမှိုင်းတွေဘဲ၀တ်တတ်တာလား။ လင်းလင်းထင်းထင်းလေး ဖြစ်အောင် ဒီပြင့်အရောင်လေး၀တ်စမ်းပါ။"

"ဟွန့်...ငါကနင်တို့လိုမှ မဖြူတာ၊ငါ့လိုညိုတဲ့သူက အရောင်မှိုင်းတာဘဲကောင်းတယ်။"

"အို..မဆိုင်ပါဘူး။ ငါဆိုလည်းနင့်လိုအရပ်ရှည်ချင်တာလေ သူများနဲ့ယှဉ်ရင် မသိသာပေမယ့် နင်နဲ့‌ဆိုတော်တော်‌ကွာနေတာ။"

She is mine (သူမကငါ့အပိုင်) {Complete}Où les histoires vivent. Découvrez maintenant