Part-39 (Zawgyi & Unicode)

27.3K 949 164
                                    

Unicode

"အာ!.."

ဆန်ပြုတ်မကြိုက်သည့် လူနာလေးကိုအားရှိ‌ စေမယ့် ကြက်စွပ်ပြုတ်ပူပူမွှေးမွှေးလေးထဲ ထမင်းဖြူလေးထည့်လို့ မဟာ ချော့ကျွေးနေရခြင်းဖြစ်သည်။

"ဟလေ ကလေးရဲ့၊ နည်းနည်းတော့စားလိုက်ပါ"

"ဟင့်အင်း၊ လွှမ်းမစားချင်ဘူး"

"ကလေးရယ်၊ ဒီလိုကြီးမစားဘဲနေရင် အားပျက်နေတော့ ပိုဆိုးမှာပေါ့"

"မဟုတ်ဘူး ကို!...လွှမ်း မစားချင်ဘူး၊ စားချင်စိတ်ကိုမရှိတာ"

"လွှမ်း!..ကို့စကားကိုနားထောင်နော်၊ဒီဝေဒနာကနေ တူတူကျော်ဖြတ်ကြမယ်လေကွာ၊ အခုတော့ လိမ္မာပါတယ်နော်"

"ကို့!...လွှမ်းမစားချင်ဘူးလို့"

လွှမ်း ပါးစပ်နားသို့ရောက်လာသည့်ဇွန်းကိုတွန်းလို့ လွှမ်းစိတ်လိုလက်ရ ကို့ကိုအော်လိုက်မိသည်။ ကိုကတော့ လွှမ်းကိုတစ်ချက် မငြူစူ၊ ဘာမှမဖြစ်သည့်အတိုင်း လူနာ၀တ်စုံပေါ်အနည်းငယ်ပေကျံသွားတဲ့ စွပ်ပြုတ်တွေကို တစ်သျှူးနဲ့ခပ်ဖွဖွသုတ်ပေးနေရှာ သည်။ ကို ဒီလိုကောင်းပြတိုင်း၊လွှမ်းဟာ ချောက်ကမ်းပါးရဲ့အစွန်ဖျားမှာရပ်နေရသလိုခံစားမိသည်။

"ကို့!...ဘာလို့လဲ ဘာလို့လွှမ်းအော်တာ‌ကိုစိတ်မဆိုးရတာလဲ"

"ကလေးဖြစ်နေလို့ ဒီကောင်ကစိတ်မဆိုးမိတာ၊အခုလို လွှမ်းစိတ်ရှိသမျှကိုယ့်အပေါ်ဖွင့် ဟပေးနေတာနဲ့ကို ဒီကောင်က‌ကျေနပ်နေတာ"

"...."

"ပင်ပန်းနေတယ်မလား ကိုယ်ပြောဖူးခဲ့တဲ့အတိုင်းဘဲ စိတ်ရှိသမျှပင်ပန်းစရာတွေကိုတင်းခံမထားနဲ့၊ ကိုယ့်အပေါ်ပုံချလိုက်
ကိုယ်တို့ရွေးချယ်လို့မရတဲ့ပြသာနာနဲ့ရင်ဆိုင်လာရတဲ့အခါ ကိုယ်တို့ရဲရဲတိုက်ပွဲ၀င်ရမှာဘဲ လွှမ်း"

စားချင်စိတ်မရှိတဲ့လွမ်းဟာ၊ ဒီအပြစ်တွေဘယ်သူ့ကိုပုံချရမလဲမသိ၊စိတ်တွေမွန်းကြပ်လွန်းလို့ လူကရူးတော့မည်။လွှမ်းရဲ့ဝါသနာကို အမြစ်ကနေဆွဲဖြတ်နေသလားပင်ထင်မိရသည်။လှုပ်မရတဲ့ခြေထောက်လေးကိုလှမ်းကြည့်ပြီး လွှမ်းမဲ့ပြုံးသာပြုံးမိသည်။ဒီလောက်တောင်မှ ကံဆိုးရလေသလား လွှမ်းရယ် လို့စိတ်ထဲမှအခါခါသာပြန်ရေရွတ်မိ သည်။

She is mine (သူမကငါ့အပိုင်) {Complete}Where stories live. Discover now